www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 7, 2014

သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲသော ကျေးရွာများသို့ တပ်မတော်၏ လုံခြုံရေး အစောင့်အရှောက်ဖြင့် သန်းခေါင်စာရ်ငး ဆက်လက်ကောက်ယူ


နေပြည်တော် ၊ ၇-၄-၂၀၁၄

KIA တပ်ဖွဲ့များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ဒေသအချို့ ၌ လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသဖြင့် တပ်မတော် မှ လုံခြုံရေး အစောင့်အရှောက် အကူအညီ ပေး၍ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူ ၇၇ ဦး ၊ မံစီမြို့နယ် အတွင်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ပြည်သူ ၁၈၅၇ ဦး ၊ ဒေါ့ဖုန်းယန် မြို့နယ် အတွင်းရှိ ကျေးရွာ ၁၈ ရွာမှ ဒေသခံပြည်သူ ၁၇၁၂ ဦး ၊ နောင်စွမ်း မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ ပြည်သူ ၄၁၆ ဦး ၊ ပန်ခမ်းမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၆၀၂ ဦး ၊ မိုးမိတ်မြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာမှ ဒေသခံ ပြည်သူ ၉၁၉ ဦး ၊ ပေါင်း ၅၅၈၃ ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင် မဘိန်းမြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၁၇၈၁ ဦး ၊ နမ္မတူ မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ မှ ဒေသခံပြည်သူ ၂၂၁ ဦး ၊ မိုးမိတ်မြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူ ၆၃၅ ဦး ၊ ပေါင်း ၂၆၃၇ ဦး ၊ စုစုပေါင်း ၈၂၂၀ ဦးအား လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။

အဆိုပါ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲလျက် ရှိသော ဒေသများတွင် ဧပြီ ၃ ရက်မှ ယနေ့အထိ ဒေသခံပြည်သူ ၂၁၃၄၂ ဦးအား တပ်မတော်၏ လုံခြုံရေး အကူအညီ ရယူ၍ သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့က လူဦးရေး နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း များ ကောက်ယူ ခဲ့ကြောင်း နှင့် ၄င်းဒေသ အတွင်းရှိ ကျန်ရှိ နေသေးသော ကျေးရွာများ အားလည်း ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger