www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 2, 2014

နိုင်ငံ့တာဝန် ကျေပွန်အောင် ကျသင့်အခွန် မှန်မှန်ဆောင်


နိုင်ငံ့တာဝန် ကျေပွန်အောင် ကျသင့်အခွန် မှန်မှန်ဆောင်

လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်းက မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အကြား ODA အနည်းဆုံး ဖြစ်ခြင်း ၊ ကမ္ဘာ့ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်း များ ဖြစ်ကြသော ကမ္ဘာ့ဘဏ် ၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် စသည့် အဖွဲ့အစည်း များထံမှ ဘဏ္ဍာရေး အကူအညီ လုံးဝ မရရှိ ခဲ့ကြောင်း ၂ဝ၁၁ ခုနှစ် မတ်လ အတွင်းက ကျင်းပခဲ့သော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (၁၅) ရက်မြောက် နေ့တွင် ဆွေးနွေး ခဲ့ကြသည်။

ထိုကာလ နောက်ပိုင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် များကြောင့် ကမ္ဘာ့ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်း များ၏ ဘဏ္ဍာရေး အကူအညီ များနှင့် ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံများက ဘဏ္ဍာရေး အကူအညီများ ရရှိ လာခဲ့ပြီး နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍစုံ ဆောင်ရွက် နိုင်ပြီ ဖြစ်သည်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ ( IMF ) မှ ငွေချေးယူ လိုသော ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံသည် ပြည်တွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှု များပြု လုပ်ရမည် ဖြစ်သည်။ ဆောင်ရွက် ရမည့် ပြုပြင် ပြောင်းလဲမှု များမှာ ဤသို့
တွေ့ရသည်-

  • ( ၁ ) ဘတ်ဂျက်လိုငွေ ဖြတ်တောက်ပြီး ရငွေသုံးငွေ အချိုးညီမျှရန်၊
  • ( ၂ ) စီးပွားရေး စနစ်ကို ကျယ်ပြန့်စွာ အကျိုးပြုမည့် အခွန်စနစ် ပြုပြင်ရန်၊
  • ( ၃ ) ငွေကြေး ဈေးကွက် လွတ်လပ်မှု ရှိစေရန်၊
  • ( ၄ ) ပို့ကုန် တိုးတက်ပြီး စီးပွားရေး ဖွံ့ဖြိုး လာစေရန် အတွက် ငွေလဲ လှယ်နှုန်းကို လွတ်လပ်စွာ ထားရှိရန်၊
  • ( ၅ ) ကုန်သွယ်ရေး လွတ်လပ်ခွင့် ပေးရန်၊
  • ( ၆ ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ခွင့် ပြုရန်၊
  • ( ၇ ) ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည် မြင့်မားရေး အတွက် အစိုးရပိုင် လုပ်ငန်းများအား ပုဂ္ဂလိက ပိုင်ဆိုင်မှုသို့ ပြောင်းလဲရန်၊
  • ( ၈ ) စီးပွားရေး ဆိုင်ရာ စည်းမျဉ်း ဥပဒေ တင်းကျပ်မှုများ လျှော့ချရန်၊
  • ( ၉ ) ပုဂ္ဂလိက ပိုင်ဆိုင်မှု ၊ တီထွင်မှု နှင့် မူပိုင်ခွင့် စသည်များကို အကာအကွယ် ပေးရန်။


ကမ္ဘာ့ ဘဏ္ဍာရေး ဆိုင်ရာအဖွဲ့အစည်းများ၏ အကူအညီနှင့် စပ်လျဉ်း၍ အာဂျင်တီးနား နိုင်ငံမှ သာဓက တစ်ခု ရှိခဲ့သည်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ် တို့သည် အာဂျင်တီးနား နိုင်ငံအား စံပြ ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ်တွင် အသိအမှတ် ပြုခဲ့သည်။ 

အာဂျင်တီးနား နိုင်ငံသည် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့မှ ချေးငွေအသစ် ရရှိရေး အတွက် အထက်ပါ ပြဋ္ဌာန်းချက် များအတိုင်း ပိုမို တင်းကျပ်သည့် အသုံးစရိတ် ဖြတ်တောက်ရေး နှင့် ခြိုးခြံ ချွေတာရေး မူများ အတိုင်း လိုက်နာခဲ့ရာ ၂ဝဝ၂ ခုနှစ်တွင် ပြန်လည် ပေးဆပ် ရမည့် ကြွေးမြီ အမေရိကန် ဒေါ်လာ ၁၄၁ ဘီလီယံ မပေးဆပ် နိုင်တော့သဖြင့် ဒေဝါလီ ခံလိုက် ရသည်။

သို့ဖြစ်၍ နိုင်ငံတကာ ငွေကြေး အကူအညီ ရရှိရေးသည် နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ အားလုံး ကြိုးပမ်း ကြရမည် ဖြစ်ရာ အခွန်ထမ်း ပြည်သူတို့က နိုင်ငံ့တာဝန် ကျေပွန်အောင် ကျသင့် အခွန် မှန်မှန်ဆောင် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger