www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 24, 2013

မိုင်းကိုင်မြို့နယ် အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်စဉ် SSA (ရွက်ဆစ်) အဖွဲ့မှ နှောင့်ယှက် ပစ်ခတ်မှုဖြစ်ပွား



နေပြည်တော် ၊ ၂၄-၁၂-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင် မြို့နယ်အတွင်း နယ်မြေခံ သတင်းပေးချက် အရ ဘိန်းခင်းများ ဖျက်ဆီးရန် အတွက် မိုင်းကိုင်မြို့နယ် ရဲတပ်ဖွဲ့ မှ တာဝန်ရှိ သူများ ၊ မြို့နယ် ဌာနဆိုင်ရာ များမှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တပ်မတော် စစ်ကြောင်း မှ လုံခြုံရေး လိုက်ပါလျက် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်း က ဆုံလောကျေးရွာ မှ စတင် ထွက်ခွာ၍ နယ်မြေ ရှင်းလင်း ဆောင်ရွက် ခဲ့သည်။ နံနက် ၁၀ နာရီခန့် တွင် ဆုံလော ကျေးရွာ နှင့် ပါခါး ကျေးရွာ အကြား လုကန်ရွာ အနီးသို့ ရောက်ရှိစဉ် အသင့် စောင့်ဆိုင်း နေသော SSA (ရွက်ဆစ်) အဖွဲ့ အင်အား ၅၀ ဦးခန့်က စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်၍ ဗုံးပစ် လောင်ချာ အပါအ၀င် လက်နက်ကြီး ၊ လက်နက်ငယ် များဖြင့် ပတ်ခတ် တိုက်ခိုက် ခဲ့သည်။

တပ်မတော် စစ်ကြောင်း က ပြန်လည် ပစ်ခတ် ခုခံ ကာကွယ်ခြင်း ကြောင့် နံနက် ၁၁ နာရီခန့် တွင် SSA (ရွက်ဆစ်) အဖွဲ့ ပြန်လည် ဆုတ်ခွာ သွားခဲ့ပြီး လိုက်လံ ရှင်းလင်းခဲ့ရာ ဘယ်ဘက် လက်မောင်းတွင် ကျားရုပ်ပုံပါ လက်မောင်း တံဆိပ် ၊ ညာဘက် လက်မောင်းတွင် ဓားနှစ်လက် ပုံပါ လက်မောင်း တံဆိပ် နှင့် ရင်ဘတ်တွင် S.S.ARMY စာတန်းပါ ပြောက်ကျား ယူနီးဖောင်း ၀တ်ဆင် ထားသော အလောင်း တစ်လောင်း ၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ၊ မိုင်းနှင့် ဖောက်ခွဲ တိုက်ခိုက်ရာတွင် အသုံးပြုသည့် နိုင်လွန်ကြိုး ပေ ၅၀ ခန့် တစ်ချောင်း နှင့် ၀ါယာကြီး ပေ ၅၀ ခန့် တစ်ချောင်း ၊ AAA ဓာတ်ခဲ အသေး ၆ လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင် စစ်သည်တစ်ဦး လက်နက်ငယ် ကျည် ထိမှန် ဒဏ်ရာ ရရှိပြီး တပ်မတော် စစ်ကြောင်းက ဆုတ်ခွာ သွားသော SSA (ရွက်ဆစ်) အဖွဲ့အား အသေးစိတ် လိုက်လံ ရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်လျက် ရှိရာတွင် ယခုကဲ့သို့ နှောင့်ယှက် ပစ်ခတ်ခြင်း မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ရည်မှန်းချက် အောင်မြင်ရေး အလေးထား ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger