www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 8, 2013

လောကီအကျိုး တိုးပွားနိုင်ရာ အကြောင်း (၆) ပါး


လောကီအကျိုး တိုးပွားနိုင်ရာ အကြောင်း (၆) ပါး

အယ်ဒီတာ့အာဘော်
( ၈-၁၂-၂၀၁၃ )

လောကလူသား တို့အတွက် လောကီအကျိုး တိုးပွား နိုင်ရာသော အကြောင်းတရား တို့မှာ ဇနီး ၊ ခင်ပွန်းကောင်း ကိုရခြင်း ၊ လိမ္မာသောသား ၊ သမီးကို မွေးရခြင်း ၊ ဥစ္စာပစ္စည်း ပေါများခြင်း ၊ မိမိ ကိုယ်တိုင် မြော်မြင် လိမ္မာ Óဏ်ပညာ ရှိခြင်း ၊ သီတင်းသီလ မြဲခြင်း နှင့် ရောဂါ ဝေဒနာ မငြိတွယ်ခြင်း တို့ဖြစ်သည်။ ယဉ်ကျေးမှု တွင် ကျင့်ဝတ်များ ရှိပြီး ဖြစ်သဖြင့် ထို ကျင့်ဝတ်များ ကို မြဲမြံစွာ စောင့်ထိန်း ကြခြင်းဖြင့် မိသားစုဘဝ သာယာမှုကို တည်ဆောက် ကြရမည် ဖြစ်သည်။ 

လောကီအကျိုး တိုးပွားနိုင်ရာ အကြောင်း (၆) ပါးကို လိုက်နာ စောင့်ထိန်း အားထုတ် ရမည် ဖြစ်သကဲ့သို့ လောကီ ၊ လောကုတ္တရာ အကျိုး ပျက်စီးစေသော ထိုင်မိ ၊ လှဲမိ သည့်နေရာ မှ မထချင် ၊ မြ<ွကချင်ခြင်း (ဘန္တ) ၊ မကြောက်တန်ဘဲ လျက် ကြောက်ရွံ့ခြင်း (ဘယ) ၊ စိတ်မဆိုး တန်ဘဲလျက် စိတ်ဆိုးခြင်း (ကောဓ) ၊ လွန်စွာ ပျင်းရိခြင်း (အလသျှ) ၊ အလုပ် ကိစ္စကို နေ့ရက် ဆွဲငင်၍ ဖင့်နွှဲခြင်း (ဒီဃသုတ္တတ) ၊ နေ့ညမစဲ အမြဲ အိပ်ခြင်း ဟူသည့် အကြောင်းတရား (၆)ပါးကို လည်း ရှောင်ကြ ရမည် ဖြစ်သည်။ 

ယဉ်ကျေးသော လူ့အဖွဲ့အစည်း တွင် လူမှုကျင့်ဝတ် များကို လိုက်နာ စောင့်ထိန်း ကြရသကဲ့သို့ ယဉ်ကျေးသော နိုင်ငံကြီးသား ပီသသူတို့ သည် နိုင်ငံတော် က ပြဋ္ဌာန်း ထားသော တရားဥပဒေ ၊ အက်ဥပဒေ ၊ နည်းဥပဒေ ၊ စည်းမျဉ်း ဥပဒေ ၊ အမိန့်နှင့် ညွှန်ကြားချက် တို့ကို လိုက်နာ ကြရသည်။ နိုင်ငံကြီးသား ဟူသည် ထိုသူ နေထိုင်သော နိုင်ငံ၏ တည်နေရာ အကျယ်အဝန်း ပုံသဏ္ဌာန် နှင့် ဓနပိုင်ဆိုင်မှု စသည့် ပထဝီဝင် အချက်အလက် များကို စံထား၍ တိုင်းတာ ခြင်းမဟုတ်ဘဲ ထိုနိုင်ငံသား တို့၏ ယဉ်ကျေးမှု အဆင့်အတန်း နှင့် စည်းကမ်း လိုက်နာ စောင့်ထိန်းမှု တို့ဖြင့် တိုင်းတာ ကြခြင်း ဖြစ်သည်။

ယဉ်ကျေးသော မြန်မာ့ လူ့အဖွဲ့အစည်း တွင် လောကီ ၊ လောကုတ္တရာ အကျိုး ပျက်စီး စေသော အကြောင်းတရား များမှ စိတ်မဆိုး တန်ဘဲလျက် စိတ်ဆိုးခြင်း ဆိုသော အကြောင်းတရား ကြောင့် ဖြစ်ရသော သတင်းများ နေ့စဉ်လိုလို မြင်တွေ့ နေကြ ရသည်။ နိုဝင်ဘာ နောက်ဆုံးရက် သတ္တပတ် အတွင်းက မြေနုကျွန်း ကိစ္စကြောင့် ကျေးရွာ နှစ်ရွာ အချင်းများ ကြသည့် သတင်း တွေ့ရသည်။ မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် စလင်းတောင် ကျေးရွာ နှင့် ဝင်္ကဘာ ကျေးရွာ အကြား ဧရာဝတီ မြစ်ကမ်းဘေး ၌ မြေနုကျွန်း ၃၉ ဧက ပေါ်ထွန်း ခဲ့သည်။ ချောက်မြို့နယ် မြေစာရင်း ဦးစီးဌာန က နိုဝင်ဘာ ၂၄ ရက်တွင် မြေနုကျွန်း ကို ကွင်းဆင်း တိုင်းတာ ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၌ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေး ပြုလုပ်ပြီး မြေနုကျွန်း ၃ ဧက ကို ဝင်္ကဘာ ကျေးရွာသို့ လည်းကောင်း ၊ ၃၆ ဧက ကို စလင်းတောင် ကျေးရွာသို့ လည်းကောင်း လုပ်ကိုင်ခွင့် ချထား လိုက်သည်။ 

နိုဝင်ဘာ ၂၇ ရက် နံနက်တွင် စလင်းတောင် ကျေးရွာမှ တောင်သူ ၁ဝဝ ခန့်တို့သည် မြေနုကျွန်း ၃၆ ဧက ကို ထွန်ယက် စိုက်ပျိုး နေကြစဉ် ဝင်္ကဘာ ကျေးရွာ မှ လူ ၁၅ဝ ခန့် ရောက်ရှိလာပြီး လေးခွ ၊ ခဲ များဖြင့် ပစ်ပေါက် ကြရာ စလင်းတောင် ကျေးရွာသား ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယင်း ဖြစ်စဉ်တွင် တာဝန်ရှိ သူများ ရောက်ရှိလာပြီး လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ၏ ဆုံးဖြတ်ချက်ကို မကျေနပ် ပါက မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အထက်ဌာန အဆင့်ဆင့် သို့ ဥပဒေ နှင့်အညီ တင်ပြ ဆောင်ရွက် ကြရန် ဆွေးနွေး ညှိနှိုင်း၍ အခြေအနေ ကို ထိန်းသိမ်း နိုင်ခဲ့သည်။ 

ယနေ့ ကာလတွင် ပြည်သူများ၏ နစ်နာချက် များအား ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့သို့ ပေးပို့ တင်ပြ လာသည့် ကိစ္စများအား ဆောင်ရွက် ပေးလျက် ရှိသည်။ ပြဿနာ တစ်ရပ်ကို ဖြေရှင်း ကြရာ၌ လောကီအကျိုး တိုးပွားနိုင်ရန် အကြောင်း (၆)ပါးမှ မိမိကိုယ်တိုင် မြော်မြင် လိမ္မာ Óဏ်ပညာ ဖြင့် ဝေဖန် ပိုင်းခြားကာ ဥပဒေ နှင့်အညီသာ ဖြေရှင်း ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger