www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 8, 2013

မုံရွာမြို့ ဆုတောင်းပြည့် မြတ်စွာဘုရားကြီး ပိဋကတ်စာကြည့်တိုက် နှစ်ပတ်လည် ဖိတ်ခေါ်ဆောင်းပါးပြိုင်ပွဲ ဆုရစာရင်းထုတ်ပြန်


မုံရွာ ၊ ၈-၁၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ပိဋကတ် စာကြည့်တိုက် (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် ဆောင်းပါးပြိုင်ပွဲ စာမူဆုရ စာရင်းများကို ယမန်နေ့ နံနက် ၉ နာရီက ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ဂေါပက အဖွဲ့မှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက '' ဆောင်းပါးစာမူ များကို အောက်တိုဘာ လကုန်အထိ လက်ခံခဲ့ပြီး ရောက်ရှိ လာတဲ့ စာမူတွေကို လျှို့ဝှက်ကုတ် နံပါတ်နဲ့ အမျိုးသား စာပေဆုရ ဆရာကြီး အံ့မောင် ဦးဆောင်တဲ့ စာပေ စိစစ်ရေးအဖွဲ့ ကို ပေးအပ်ပြီး ရွေးချယ် စေခဲ့တာ ဖြစ်ပါတယ် .. .. '' ဟု ပြောကြားသည်။

ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး ပိဋကတ် စာကြည့်တိုက်ကို ၂ဝဝဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် မှ စတင် တည်ထောင်ခဲ့ရာ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဆောင်းပါး ပြိုင်ပွဲကို " ဆုတောင်းပြည့် မြတ်စွာ ဘုရားကြီး နှင့် လယ်တီ ဆရာတော် ဘုရားကြီး " ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အလွတ်တန်း အဆင့်တွင် '' နှလုံးသားတွင် အလှဆင်ပါ ''ခေါင်းစဉ်ဖြင့် လည်းကောင်း ပြိုင်ပွဲဝင် ၃၆ ဦး၏ စာမူများ လက်ခံ ရရှိခဲ့၍ စာမူစိစစ်ရေး အဖွဲ့ထံ လျှို့ဝှက် ကုတ်နံပါတ်ဖြင့် ပေးပို့ ရွေးချယ် စေခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် စာမူ ပထမဆု ကို ဟင်္သာတမြို့မှ ဟင်္သာတ ကိုကြီးစိန် က လည်းကောင်း ၊ ဒုတိယ ဆုကို မိုးညှင်းမြို့မှ မချောယဉ် (မိုးညှင်း) က လည်းကောင်း ၊ တတိယ ဆုကို တန့်ယန်းမြို့ မှ အရှင် ရေဝတ ( သရက်ကောင်း) ကလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။ ဆုရရှိ သူများအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ဆုတံဆိပ် ၊ ငွေသားဆု များဖြင့် ထိုက်တန်စွာ ချီးမြှင့် သွားမည် ဖြစ်ပြီး နယ်ဝေးမှ ဆုရရှိသူများ အား ခရီးစရိတ်နှင့် မုံရွာမြို့နယ် အတွင်းရှိ တန်ခိုးကြီး ဘုရားများကို လှည့်လည် ပြသပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger