www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 14, 2013

ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် MITT ဆိပ်ကမ်းသို့ ရောက်ရှိ


ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ 
စစ်ရေယာဉ် ASW Ship - Admiral Vinogradov အားတွေ့ရစဉ်

နေပြည်တော် ၊ ၁၄-၁၁-၂၀၁၃

မြန်မာ - ရုရှား နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ၊ ယုံကြည်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက် နိုင်စေရန် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် ASW Ship - Admiral Vinogradov သည် ဗိုလ်မှူးကြီး Captain Alexcy V Zlovlonozhko ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းရှိ MITT ဆိပ်ခံ တံတားသို့ ရောက်ရှိလာရာ သန်လျင် တပ်နယ် ၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မင်းသိမ်းတင့် နှင့် သန်လျင် တပ်နယ်မှ အရာရှိကြီးများ ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ ရုရှား နိုင်ငံ သံအမတ်ကြီး H.E Mr. Vasiliy V Paspelov နှင့် စစ်သံမှူးများ ၊ သံရုံးမှ တာဝန်ရှိ သူများ ၊ သန်လျင် တပ်နယ်မှ အရာရှိ ၊ စစ်သည် များနှင့် ဂုဏ်ပြု တပ်ဖွဲ့များက MITT ဆိပ်ကမ်း ၌ နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

သန်လျင် တပ်နယ်မှူး ဗိုလ်မှူးချုပ် မင်းသိမ်းတင့်
ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ ဗိုလ်မှူးကြီး Captain Alexcy V Zlovlonozhko အား
MITT ဆိပ်ကမ်း၌ ကြိုဆိုနှုတ်ဆက်စဉ်

ထို့နောက် ဗိုလ်မှူးချုပ် မင်းသိမ်းတင့် ဦးဆောင်သော ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ ဧည့်သည်တော် များသည် MITT ဆိပ်ခံ တံတား တစ်လျှောက် သန်လျင် တပ်နယ်မှ တပ်ဖွဲ့ဝင်များ  နှင့် ဂုဏ်ပြု တပ်ဖွဲ့များ၏ ကြိုဆို နှုတ်ဆက်ခြင်း ကို လှည့်လည် ကြည့်ရှု အားပေး ကြသည်။


အဆိုပါ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ ရေတပ်မှ စစ်ရေယာဉ် သည် ANTISUBMARINE WARFARE SHIP အမျိုးအစား ဖြစ်ပြီး အရာရှိ ၊ စစ်သည် အင်အား ၃၅၉ ဦး လိုက်ပါလာကာ မြန်မာနိုင်ငံ တွင် ချစ်ကြည်ရေး ခရီးစဉ် အစြဖ် နိုဝင်ဘာ ၁၈ ရက်အထိ ၆ ရက်ကြာ လည်ပတ် သွားမည် ဖြစ်ကြောင်း နှင့် နိုဝင်ဘာ ၁၄ ရက်တွင် ရုရှား နိုင်ငံမှ OCEANIC TUG " KALAR " နှင့် TANKER " IRKUT " ရေယာဉ် နှစ်စင်း ထပ်မံ ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger