www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 7, 2013

ဆေးတက္ကသိုလ် ပညာသင်ဆု လျှောက်ထားနိုင်


ရန်ကုန် ၊ ၇-၁၁-၂၀၁၃

၂ဝ၁၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ပြီး ဆေးတက္ကသိုလ် အသီးသီးသို့ ပညာ သင်ယူခွင့် ရရှိကြသည့် ကျောင်းသား ၊ ကျောင်းသူများ အနက် ပညာ ဆက်လက် သင်ယူရန် အမှန်တကယ် အခက်အခဲ ရှိသော ကျောင်းသား ကျောင်းသူများ အနေဖြင့် (ဦးအေးကျော်) - ဒေါ်အေးအေးမြင့် ရာဇာလင်း မိသားစုက ပညာဒါန ပြုသော ''ရာဇာလင်း ဆေးတက္ကသိုလ် ပညာသင်ဆု " ကို လျှောက်ထား နိုင်ကြောင်း သိရသည်။

ရာဇာလင်း ဆေးတက္ကသိုလ် ပညာသင်ဆုကို ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ စ၍ နှစ်စဉ်ချီးမြှင့် လာခဲ့ရာ ယခု ပညာသင်နှစ် တွင်လည်း ဆဋ္ဌမအကြိမ် အဖြစ် ကျောင်းသား ကျောင်းသူရှစ်ဦး တို့အား ပညာသင် ထောက်ပံ့ကြေး ပေးမည် ဖြစ်သည်။ ပညာသင်ဆု လျှောက်ထားခွင့် ရှိသူများမှာ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ၊ မန္တလေး ဆေးတက္ကသိုလ် နှင့် မကွေး ဆေးတက္ကသိုလ် များသို့ ၂၀၁၃ - ၂ဝ၁၄ ပညာ သင်နှစ်၌ ပထမနှစ် သင်တန်း စတင် ဝင်ရောက်ခွင့် ရရှိသူများ ဖြစ်ရမည်။ ပညာသင်ဆု ရွေးချယ်ခြင်း ခံရသူများကို တစ်ဦးလျှင် တစ်လ ငွေကျပ် ၅ဝဝဝဝ နှုန်းစီဖြင့် ပထမနှစ် မှစ၍ ဆေးပညာဘွဲ့ ရသည်အထိ လစဉ် ထောက်ပံ့ ချီးမြှင့်သွားမည် ဖြစ်သည်။


ပညာသင်ဆု လျှောက်ထား လိုသူများသည် ကိုယ်ရေး ရာဇ၀င် ၊ ပညာသင်ဆု လျှောက်ထား ရခြင်း ကျိုးကြောင်း ပြည့်စုံစွာ ဖော်ပြသည့် ကိုယ်တိုင်ရေး မူရင်း လျှောက်လွှာ ၊ လိုင်စင် ဓာတ်ပုံ နှစ်ပုံ ၊ အမှတ်စာရင်း မိတ္တူ ၊ တက္ကသိုလ် ၀င်တန်း အောင်မြင်သည့် ကျောင်းမှ ကျောင်းအုပ်ကြီး ၏ ထောက်ခံချက် ၊ မိမိ နှင့် မိဘနှစ်ဦး ၏ မှတ်ပုံတင် မိတ္တူ ၊ သန်းခေါင်စာရင်း မိတ္တူ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ရဲစခန်း တို့၏ ထောက်ခံချက် များနှင့် ဆက်သွယ်ရန် လိပ်စာ (ဖုန်း) တို့ကို ပြည့်စုံစွာ ဖော်ပြ၍ အမှတ်(၅၀) ကန်ရိပ်သာ ၃ လမ်း ၊ Finger Lake F.M.I City ၊ လှိုင်သာယာ မြို့နယ် ၊ ရန်ကုန်တိုင်း ဒေသကြီး သို့ လိပ်မူပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger