www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 16, 2013

(၆၉)ကြိမ်မြောက် တောင်ကြီးမြို့ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် စည်ကား သိုက်မြိုက်စွာ လှည့်လည်ကျင်းပ



တောင်ကြီး ၊ ၁၆-၁၁-၂ဝ၁၃

(၆၉) ကြိမ်မြောက် ၊ တောင်ကြီးမြို့ ၊ မြို့လုံးကျွတ် မဟာ ဘုံကထိန် လှည့်လည် ပွဲတော်ကို ယနေ့ နံနက် ၈ နာရီက တောင်ကြီးမြို့ ၊ စဝ်စံထွန်း ရပ်ကွက် မှ စူဠာမုနိ လောကချမ်းသာ ဘုရားကြီး အထိ ဗိုလ်ချုပ် လမ်းမကြီး တစ်လျှောက် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သည် ။

အဆိုပါ မြို့လုံးကျွတ် မဟာ ဘုံကထိန် ပွဲတော်မှာ တစ်နှစ်ထက် တစ်နှစ် ထူးခြား လှပစွာ အရုပ်များကို ငွေစက္ကူ များဖြင့် အရောင်အသွေး စုံအောင် အနုပညာမြောက် ရုပ်လုံးဖော် ပြုလုပ်ကြပြီး လှပသော ပဒေသာပင် များကို စီတန်း လှည့်လည်၍ တိုင်းရင်းသား တို့၏ ရိုးရာ အဆို ၊ အက ၊ အတီး များဖြင့် မြို့လုံးကျွတ် စည်ကား သိုက်မြိုက်စွာ ကျင်းပပြီး တောင်ကြီးမြို့ ၊ အတုလ မာရဇိန် ဆုတောင်းပြည့် မြို့လယ် ဓမ္မာရုံတွင် ပဒေသာပင် များအား လာရောက် အပ်နှံ လှူဒါန်းကြပြီး တောင်ကြီးမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း သွားမည် ဖြစ်သည် ။

အဆိုပါ (၆၉) ကြိမ်မြောက် မြို့လုံးကျွတ် မဟာ ဘုံကထိန် ပွဲတွင် ထီး ၊ သင်္ကန်း ၊ ယပ် ၊ ဖိနပ်နှင့် ကျောင်း အသုံးအဆောင် ပစ္စည်းများ ၊ ဝတ္ထုငွေ များကို ရပ်ကွက်နေ ပြည်သူများ ၊ တိုင်းရင်းသားများ ၊ ကုမ္ပဏီလုပ်ငန်း ရှင်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့ များက ဝမ်းမြောက် ကြည်နူး စွာဖြင့် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

  

  

 

 




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger