www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 14, 2013

အဆင့်မြင့် နည်းပညာသုံးသော ဟက်ကာများကြောင့် အွန်လိုင်း ဘဏ်စနစ် စိတ်မချရ


ဝါရှင်တန် ၊ ၁၄-၁၁-၂၀၁၃

၂၀၁၂ ခုနှစ်အတွင်း ဟက်ကာ များက အဆင့်မြင့် ဆော့ဖ်ဝဲများ အသုံးပြုကာ ဘဏ်များမှ အချက် အလက်များ ခိုးယူနေမှုနှုန်း မြင့်တက် လာသောကြောင့် အွန်လိုင်း ဘဏ်စနစ် ကို အသုံးပြု သူများက စိုးရိမ် နေကြကြောင်း သိရ သည်။

ဘဏ်များ ကလည်း ဟက်ကာများ ရန်ကို ကာကွယ်သည့် အနေဖြင့် ဒစ်ဂျစ်တယ် ငွေကြေး စနစ်ကို ဖျက်သိမ်း လိုက်ရာ နည်းပညာ ပြစ်မှု ကျူးလွန်သူ များကို ငွေခဝါ မချနိုင်အောင် တားဆီးနိုင် ခဲ့သော်လည်း ဘဏ်များသို့ ထရိုဂျန် ဗိုင်းရပ်စ် များ ပို့လွှတ်ကာ အချက် အလက်များကို ခိုးယူ နေခြင်းကို တားဆီးရန် ခက်ခဲ နေကြောင်း သိရသည်။

လူထုက ဖုန်း ၊ ကွန်ပျူတာ များဖြင့် အွန်လိုင်းမှ တစ်ဆင့် လက်ကျန်ငွေ စစ်ဆေးခြင်း ၊ ငွေလွှဲပို့ ခြင်းများ ပြုလုပ်သည် နှင့် တစ်ပြိုင်နက် ထရိုဂျန် ဗိုင်းရပ်စ်များ က သတင်း အချက်အလက် များ ခိုးယူနိုင်ပြီး ဘဏ်များ ကလည်း တစ်နှစ်အတွင်း အကြမ် ၂၀၀၀၀ ထက်မနည်း ထရိုဂျန် ဗိုင်းရပ်စ် ဖြင့် အတိုက်ခိုက် ခံရသည်ဟု ထုတ်ပြန် ကြေညာကြောင်း Trendlabs သတင်းတစ်ရပ် တွင် ဖော်ပြ ပါရှိသည်


သြဂုတ်လ စစ်တမ်း တစ်ခုတွင် လွန်ခဲ့သော ၁၂ အတွင်း အမေရိန်ကန် နိုင်ငံသား (၂၁) ရာခိုင်နှုန်း က ဖုန်းဖြင့် အွန်လိုင်း ဘဏ်စနစ်ကို အသုံးပြု ခဲ့ကြပြီး (၁၁)ရာခိုင်နှုန်း ခန့်က မကြာမီ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။ Google ၏ Android စနစ်ကိုလည်း ရေရှည် စီမံကိန်း ဖြင့် တိုက်ခိုက်နေပြီး Android Application အခု တစ်သန်း၌ ရှစ်သောင်း ခန့်တွင် သတင်း အချက်အလက် များကို ခိုးယူနိုင်သော ဖွဲ့စည်းပုံ ပါရှိပြီး ဖုန်း ၊ ကွန်ပျူတာ များတွင် ထည့်သွင်း ထားသော ကြော်ငာ အများစုတွင်လည်း အသုံးပြု ၏ သတင်း အချက်အလက်များ ကိုခိုးယူ နိုင်သည့် Ad-ware များ ပါဝင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger