www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 15, 2013

အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည်



ရန်ကုန် ၊ ၁၅-၁၁-၂၀၁၃

အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အတွက် အမေရိကန် ဒေါ်လာသန်း ၂ဝဝ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ သိရသည်။

စွန့်ပစ်အမှိုက် များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ပြည်တွင်း ပြည်ပ ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့ရာ ရန်ကုန်မြို့တော် ၏ စွန့်ပစ် အမှိုက်များ စုပုံရာ ဖြစ်သော ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ရှိ ထားဝယ်ချောင် အမှိုက်ပုံနှင့် လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံ မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါ စွန့်ပစ်အမှိုက် များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကာ ရရှိလာသည့် လျှပ်စစ်ဓာတ်အား များကို ရန်ကုန် စက်မှုဇုန် များသို့ ဦးတည် ပေးဝေ သွားမည်ဟု သိရသည်။ ထိုသို့ လျှပ်စစ် ဓာတ်အားထုတ် စက်ရုံများ တည်ဆောက် ရန် ရင်းနှီးမြှုပ်နှံ ရာတွင် ထားဝယ်ချောင် စက်ရုံအတွက် အမေရိကန် ဒေါ်လာ သန်း ၁၂၀ ခန့်နှင့် ထိန်ပင် စက်ရုံအတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝ ဝန်းကျင်ခန့် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ဝန်းကျင်ခန့် ရင်းနှီးမြှုပ်နှံ သွားမည်ဟု သိရသည်။


မြန်မာနိုင်ငံ ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်မှု ပမာဏမှာ လာမည့် နွေရာသီတွင် ၁၆၆၅ မဂ္ဂါဝပ်သာ ထုတ်လုပ် နိုင်မည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အား အသုံးပြု မှုမှာ ၂၃၇၀ မဂ္ဂါဝပ် သုံးစွဲမည်ဟု ခန့်မှန်း ထားသည်။ လျှပ်စစ် ဓာတ်အား သုံးစွဲမှု မြင့်တက် လာသည်နှင့် အမျှ ဓာတ်အား လိုအပ်ချက် မြင့်တက် လာလျက်ရှိရာ ယခင်နှစ် များက စက်မှုဇုန် များကို လျှပ်စစ် ဓာတ်အား ပို့လွှတ်မှု လျှော့ချခဲ့ ခြင်းကြောင့် စက်မှု လုပ်ငန်း အများစု အရှုံးပေါ် ခဲ့ပြီး ကုန်ထုတ် လုပ်မှုများ လျော့ကျ ခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် လျှပ်စစ် ဓာတ်အား အပြည့်အဝ ပေးအပ်နိုင်ရေး အတွက် ဓာတ်အားပေး စက်ရုံများ ထပ်မံ တည်ဆောက် နေကြောင်း သိရသည်။ ယခု မြို့တော် စည်ပင်မှ အကောင် အထည်ဖော် မည့် အမှိုက်မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ် စက်ရုံများမှ ရရှိလာမည့် လျှပ်စစ် ဓာတ်အား များကို စက်မှုဇုန် များသို့ ပေးဝေ သွားမည် ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger