www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 19, 2013

လူကုန်ကူးမှု အကြောင်း နှင့် မြန်မာ အမျိုးသမီးများ၏ တန်ဖိုးထားမှု စံနှုန်းအကြောင်း အသိပညာပေး ဟောပြော


တောင်ကြီး ၊ ၁၉-၉-၂ဝ၁၃

ရှမ်းပြည်နယ် ( တောင်ပိုင်း )  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ ရွာငံမြို့ ၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်း ကျောင်း ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ က အသိ ပညာပေး ဟောပြောပွဲ ကျင်းပရာ အခမ်းအနား သို့ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့နှင့် ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းနွယ် နှင့် အဖွဲ့ဝင်များ ၊ ကျောင်းအုပ်ကြီး နှင့် ဆရာ ၊ ဆရာမများ ၊ ကျောင်းသူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ နှင့် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းနွယ် က အဖွင့် အမှာစကား ပြောကြားပြီး အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အကြောင်း ဟောပြော သည်။ ထို့နောက် ကျောင်းသူများက အဆိုပြုလွှာများ ပေးအပ်ရာ ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဌ က လက်ခံ ရယူပြီး ရင်ထိုး တံဆိပ်များ ကို လိုက်လံ တပ်ဆင် ပေးကြသည်။ ထို့နောက် ရှမ်းပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးမာ က ရေကောင်း ရေသန့် အကြောင်းကို ဟောပြောပြီး ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ၊ စီမံရေးရာ ဌာနမှူး ဒေါ်နန်းဗိုခမ်း နှင့် စည်းကမ်း ထိန်းသိမ်းရေး ဌာနမှူး ဒေါ်မြမြစိန် တို့က လူကုန်ကူးမှု အကြောင်းနှင့် မြန်မာ အမျိုးသမီးများ ၏ တန်ဖိုးထားမှု စံနှုန်း အကြောင်း တို့ကို အသိ ပညာပေး ဟောပြောသည်။


ဆက်လက်၍ ကျောင်းသူများ က ဥာဏ်စမ်း မေးခွန်းများကို ဖြေဆိုကြပြီး ရှမ်းပြည်နယ် အမျိုးသမီး ရေးရာ အဖွဲ့က ကျောင်းသုံး ဗလာစာအုပ် များကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger