www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 17, 2013

မြန်မာ့ရော်ဘာ ဈေးကွက်ရရှိစေရေး စိုက်ပျိုးမှုစနစ်တကျ ရှိရန်လိုအပ်


ရန်ကုန် ၊ ၁၇-၉-၂၀၁၃

မြန်မာ့ရော်ဘာ ဈေးနှုန်း ကောင်းမွန်စွာ ရရှိစေရေး အတွက် စိုက်ပျိုးမှု စနစ်တကျ ရှိရန် လိုအပ်လာ ကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ရော်ဘာ စိုက်ပျိုးမှုတွင် လိုအပ်နေသော အခြေအနေများ ရှိနေသေးပြီး နည်းစနစ်များ ကောင်းမွန်ပါက ဈေးနှုန်း ရရှိ လာမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ တွင် စိုက်ပျိုးသည့် ရော်ဘာ များသည် အရည်အသွေး ကောင်းမွန် သော်လည်း စိုက်ပျိုးသည့် နည်းစနစ် မမှန်ကန် ခြင်းကြောင့် ပြည်ပ နိုင်ငံများနှင့် ယှဉ်ပြိုင်လျှင် အရည်အသွေး နိမ့်ပါး နေခြင်း ဖြစ်ကြောင်း သိရသည်။

'' အဓိက လိုအပ်နေတာ အရည်အသွေး ပိုင်းပါပဲ ၊ ဒီအတွက်လည်း စိုက်ပျိုးသူ တွေကို အတိပေး ထားပါတယ် ၊ တချို့ စိုက်ပျိုးသူ တွေက ရော်ဘာ ရရှိဖို့ပဲလုပ် နေတာကြောင့် အရည်အသွေး ကျဆင်း လာရတယ် ၊ ဒီအတွက် လည်း ရမယ့်ဈေး မရ ဖြစ်နေတာ .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ယင်း အရည်အသွေး ကောင်းမွန်သော ရော်ဘာများ ထုတ်လုပ် နိုင်ရန် အတွက် ရော်ဘာ ခြစ်သည့်အရာ ရော်ဘာ မှိုင်းခံပြား (နေလှန်းပြား) အရည်အသွေး ကောင်းမွန်ရန် လိုအပ်ကြောင်း ၊ ထို့အပြင် ရော်ဘာ ခြစ်ရာတွင် ဖုန် ၊ သဲနှင့် ခဲများ မပါဝင်ရန် သတိထား ရမည် ဖြစ်ပြီး ရော်ဘာ ထုတ်လုပ်ရာ၌ အသုံးပြုသည့် အက်ဆစ် အမျိုးအစား မှာ ဖောမစ်အက်စစ် အသုံးပြုရန် လိုအပ်ကြောင်း ၊ မကိုက်ညီသော အက်စစ်များ အသုံးပြု ကြခြင်းကြောင့် ရော်ဘာ အရည်အသွေး ကျဆင်းကာ ရော်ဘာ ဈေးနှုန်း မရရှိခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် ရော်ဘာ အမျိုးအစား RSS 1 နှင့် RSS 3 နှစ်မျိုးကို အဓိက ထုတ်လုပ်ပြီး ရော်ဘာ အမျိုးအစား ငါးမျိုး ရှိကြောင်း ၊ အဆိုပါ နှစ်မျိုး အနက် RSS 3 ကို  စနစ်တကျ ထုတ်လုပ် နိုင်မည် ဆိုပါက ဈေးကွက် အတွင်း ဈေးနိမ့်အဖြစ် ရောင်းချ နေရမှုများ အဆင့် ကျော်လွှား နိုင်မည် ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ တွင် ရော်ဘာ စိုက်ပျိုးသည့် ဧက တစ်သန်း လေးသိန်း ကျော်ရှိပြီး ရော်ဘာ တင်ပို့ ရောင်းချမှုသည် တန်ချိန် တစ်သိန်း ခြောက်သောင်း ကျော်ရှိကြောင်း နှင့် လက်ရှိတွင် ပြည်ပ၌ ရော်ဘာ ဈေးနှုန်းသည် RSS 3 တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၆ဝဝ ရှိပြီး ပြည်တွင်း ပေါက်ဈေးနှုန်း မှာ RSS 3 တစ်ပေါင်လျှင် ငွေကျပ် ၉၇၀ ရှိကြောင်း သိရှိရသည်။ (စိုးမိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger