www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2013

မွန်ပြည်နယ် စာတတ်မြောက်မှုနှုန်းကို ၂၀၁၅ ခုနှစ်တွင် ရာနှုန်းပြည့်အောင် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်မည်




မော်လမြိုင် ၊ ၁-၄-၂၀၁၃

မွန်ပြည်နယ် ၊ မော်လမြိုင် တက္ကသိုလ် ပင်မဆောင် ၊ အခန်း ၁၅ ၌ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ၂၀၁၃ ခုနှစ် မွန်ပြည်နယ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စခန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ရာ အခမ်းအနား ကို မွန်ပြည်နယ် စာတတ်မြောက်ရေး သင်တန်း ကြီးကြပ်မှု ကော်မတီ နာယက မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် ၊ မွန်ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး ၊ အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင် ၊ ပါမောက္ခများ ၊ ကထိက ဆရာ ဆရာမများ ၊ လုပ်အားပေး မည့် မော်လမြိုင် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၅၀၀ ဦးတို့ တက်ရောက် ကြကြောင်း သိရသည်။

မွန်ပြည်နယ် စာတတ်မြောက်ရေး သင်တန်း ကြီးကြပ်မှု ကော်မတီ နာယက မွန်ပြည်နယ် ၀န်ကြီးချုပ် မှ အမှာစကား ပြောကြားရာ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အနေဖြင့် စာတတ်မြောက် မှုနှုန်းမှာ ၉၅.၀၈ ရာခိုင်နှုန်း ရှိနေပြီး ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ စာတတ် မြောက်ရေး ကြိုးပမ်းမှု များကို လေ့လာလျှင် ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် ကာလ အတွင်း ဆောင်ရွက် ခဲ့မှု များသည် အတက်ကြွဆုံး နှင့် အထိရောက်ဆုံး ဟု ဆိုနိုင်ကြောင်း ၊ စာတတ်မြောက် ရေး လုပ်ငန်းကို လူထု လှုပ်ရှားမှု အသွင်ဖြင့် အားသွန် ခွန်စိုက် ဆောင်ရွက် ခဲ့မှုကြောင့် ယူနစ်စကို အဖွဲ့ကြီးက ၁၉၇၂ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် မိုဟာမက် ရီဇာပါလီဗီ ဆု နှင့် နိုမာဆု များကို ဆွတ်ခူး ရရှိခဲ့ကြောင်း ၊ အခြေခံ စာတတ်မြောက် ရေး လုပ်ငန်းကို ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ မွန်ပြည်နယ် မုဒုံမြို့ နှင့် ကျိုက်ထိုမြို့နယ် များတွင် လည်းကောင်း ၊ အမှတ်(၂) အခြေခံ ပညာ ဦးစီးဌာန အောက်ရှိ ချင်းပြည်နယ် တီးတိန်မြို့ ၊ စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့ ၊ ရေနီမြို့ နှင့် တမူးမြို့ ၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့ နှင့် ရေစကြိုမြို့ များတွင်လည်း ရွေးချယ် သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ် မုဒုံမြို့ နှင့် ကျိုက်ထိုမြို့ တို့အတွက် သင်ယူသူ ၂၃၂၂ ဦး ၊ စာသင်ဝိုင်း ၁၆၄ ၀ိုင်း ရှိပြီး တက္ကသိုလ်မှ လုပ်အားပေး သင်ပြသူ ၁၇၃ ဦးသည် အဆိုပါ စာသင်ဝိုင်း များတွင် ဒေသခံ လုပ်အားပေး ဆရာ ဆရာမ ၁၆၄ ဦးနှင့် အတူတကွ ပူးပေါင်း၍ စာတတ်မြောက်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လူတိုင်း စာတတ်းမြောက်ရေး ရည်မှန်းချက် အရ မွန်ပြည်နယ် ၏ စာတတ်မြောက် မှုနှုန်းကို ၂၀၁၅ ခုနှစ်တွင် ရာနှုန်းပြည့် ရရှိစေရေး အတွက် လူထု လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ် မှ အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ပညာရေး ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းတင် မှ လုပ်ငန်း နှင့် စပ်လျဉ်း၍ ရှင်းလင်းကာ ၀န်ကြီးချုပ် မှ လုပ်အားပေး ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူ များအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ချီးမြှင့် ခဲ့သည်။ လုပ်အားပေး တက္ကသိုလ် ကျောင်းသူ တစ်ဦးမှ တာဝန်လက်ခံ စကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger