www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 20, 2013

နိုင်ငံ့ဂုဏ်ဆောင် ဂျူနီယာတန်း မြန်မာရေကူး အားကစားအဖွဲ့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၀-၃-၂၀၁၃

စင်ကာပူနိုင်ငံ၌ မတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပ ပြုလုပ်ခဲ့သော 44th Singapore National Age Group Swimming Championship 2013 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင် ခဲ့သော မြန်မာနိုင်ငံ ရေကူး အဖွဲ့ချုပ်မှု ဦးမောင်မောင်စိန် ခေါင်းဆောင်သည့် ရေကူး အားကစား အဖွဲ့သည် မတ်လ ၁၉ ရက်နေ့ နေ့လည် ၃ နာရီ ၄၀ မိနစ် အချိန်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ တာဝန်ရှိ သူများ ကြိုဆို ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ ဂျူနီယာတန်း တွင် အောင်အံ့ခေါင်ထွဋ် မီတာ ၁၀၀ ပက်လက်ကူး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု ၊ မီတာ ၂၀၀ အလွတ်တန်း ၊ မီတာ ၂၀၀ လေးမျိုးကူး ၊ မီတာ ၅၀ ပက်လက်ကူး ၊ မီတာ ၁၀၀ ရင်ဘောင်ကူး ပြိုင်ပွဲများတွင် ငွေတံဆိပ် ၄ ခု ၊ မအင်ကြင်းကေခိုင် က မီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ၊ မီတာ ၁၀၀ ရင်ဘောင်ကူး ၊ မီတာ ၅၀ လိပ်ပြာကူး ၊ မီတာ ၅၀ ရင်ဘောင်ကူး တို့တွင် ကြေးတံဆိပ် ၃ ခု ၊ မခန့်ခန့်စုစံ က မီတာ ၂၀၀ အလွတ်ကူး ၊ မီတာ ၂၀၀ လေးမျိုးကူး ၊ မီတာ ၁၀၀ လိပ်ပြာကူး တို့တွင် ရွှေတံဆိပ် ၃ ခု ၊ မီတာ ၁၀၀ ရင်ဘောင်ကူး ၊ မီတာ ၅၀ လိပ်ပြာကူး ၊ မီတာ ၁၀၀ အလွတ်ကူး ၊ မီတာ ၅၀ ရင်ဘောင်ကူး ၊ မီတာ ၁၀၀ ပက်လက်ကူး ၊ မီတာ ၅၀ ပက်လက်ကူး တို့တွင် ငွေတံဆိပ် ၆ ခု နှင့် မီတာ ၅၀ အလွတ်ကူးတွင် ကြေးတံဆိပ် ၁ ခု ၊ မဆုမိုးသိမ့်စံ က မီတာ ၅၀ ပက်လက်ကူး ၊ မီတာ ၅၀ အလွတ်ကူး ၊ မီတာ ၅၀ လိပ်ပြာကူး ၊ မီတာ ၅၀ ရင်ဘောင်ကူး ၊ မီတာ ၁၀၀ အလွတ်ကူး ၊ မီတာ ၁၀၀ ပက်လက်ကူး ၊ မီတာ ၁၀၀ ရင်ဘောင်ကူး တို့တွင် ရွှေတံဆိပ် ၇ ခု နှင့် မီတာ ၁၀၀ လိပ်ပြာကူး ၊ မီတာ ၂၀၀ အလွတ်ကူး ၊ မီတာ ၂၀၀ လေးမျိုးကူး တို့တွင် ငွေတံဆိပ် ၃ ခု ဆွတ်ခူး ခဲ့ပြီး ဆုတံဆိပ် စုစုပေါင်း ရွှေတံဆိပ် ၁၁ ခု ၊ ငွေတံဆိပ် ၁၄ ခု ၊ ကြေးတံဆိပ် ၄ ခု ဖြစ်ရာ အသင်းလိုက် ၂၂ သင်း ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ရမှတ်ပေါင်း ၂၅၄ မှတ်ဖြင့် အဆင့် ၇ ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger