ရန်ကုန် ၊ ၃-၂-၂၀၁၃
မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်မှု
ကြီးမှူး ကျင်းပသော ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာ့ ရိုးရာ
ခြင်းလုံး အသင်း အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ရွှေးချယ်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီတွင်
ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေးချယ်ပွဲ အတွက် ကျင်းပသော
ပြိုင်ပွဲတွင် အားကစား နှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးနော်တောင်
က ပဏာမ လက်ရွေးစင် ရွှေးချယ်မှု နှင့် စပ်လျဉ်း၍ အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်
အသင်းများ မူလအဆင့် ယှဉ်ပြိုင်မှု များအား ကြည့်ရှု အားပေး ခဲ့သည်။
ပြိုင်ပွဲအလိုက် မူလအဆင့် (ပထမနေ့)
နှင့် အဆင့်မြင့် ဒုတိယ အဆင့် (ဒုတိယနေ့) အဖြစ် နှစ်ပိုင်း ခွဲထားပြီး တိုင်းဒေသကြီး
နှင့် ပြည်နယ် ၊ ၀န်ကြီး ဌာနများ နှင့် ကလပ် အသင်းများမှ အားကစား သမားများ ပါဝင် ယှဉ်ပြိုင်ကြသည်။
မူလအဆင့် နှင့် ဒုတိယ အဆင့် တွင် တစ်ဖွဲ့လျှင် ၆ ဦး တစ်ဝိုင်း တွဲကာ အမျိုးသား ၁၀
ဖွဲ့ ၊ အမျိုးသမီး ၆ ဖွဲ့ ပါဝင် ယှဉ်ပြိုင် အရွေးခံ သွားမည် ဖြစ်သည်။ ထို ပြိုင်ပွဲများမှ
အမျိုးသား - အမျိုးသမီး ၂၅ ဦးစီ ကို စိစစ် ရွေးချယ်၍ ဆီးဂိမ်း ၊ နေပြည်တော် တွင် စခန်းသွင်း
လေ့ကျင့်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment