www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 12, 2013

မြန်မာနိုင်ငံမှ ဆေးပညာဘွဲ့ ရရှိသူများ သြစတေးလျနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့ တက်ရောက် နိုင်

မြန်မာနိုင်ငံမှ ဆေးပညာဘွဲ့ ရရှိသူများ သြစတေးလျနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့ တက်ရောက် နိုင် ဇန်န၀ါရီလ(၁၂)ရက်နေ့ နိုင်ငံတကာတွင် ကျန်းမာရေး ပရောဂျက် မန်နေဂျာများ အဖြစ် ၀င်ရောက် လုပ်ကိုင်မည့် သြစတေးလျ နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ မဟာဘွဲ့ကို မြန်မာနိုင်ငံမှ ဆေးပညာဘွဲ့ ရရှိထားသူ များ တက်ရောက် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဆရာဝန်ဘွဲ့ ရရှိထားသူ များသည် သြစတေးလျ နိုင်ငံရှိ Griffth University ၏ Master & Health Services Management ကို သင်ယူနိုင်မည် ဖြစ်ကြောင်း၊ ယင်းကို တက်ရောက်ရန် အပတ်စဉ် အလှည့်ကျ လေးရက်စာ သင်ကြားရမည် ဖြစ်ကာ ကျန်ရက်များအား လက်တွေ့ စီမံခန့်ခွဲမှု များ ပါသည့် ပရောဂျက်များ လုပ်ဆောင် ရမည်ဟု သိရသည်။ ဖေဖော်ဝါရီ နှင့် ဇူလိုင်လတွင် ကျောင်းများ ဖွင့်မည် ဖြစ်ပြီး အောင်လက်မှတ် သင်တန်းကို ခြောက်လနှင့် မာစတာ ပရိုဂရမ်ကို တစ်နှစ်ကြာ သင်ယူနိုင်မည် ဖြစ်သည်။ ကျောင်းမှာ သြစတေးလျ ဒေါ်လာ ၈၀၀၀ ကျော်နှင့် ၁၇၀၀၀ ကျော် ကုန်ကျမည်ဟု သိရသည်။ တက်ရောက်မည့် သူများသည် အင်္ဂလိပ်စာ အတွက် IELTS 6.5 ရရှိမည် ဖြစ်ကာ အဆိုပါ ဘွဲ့ရရှိသူ များအား Australian College & Health Service Management (ACHSM) အဖွဲ့မှ အသိအမှတ် ပြုပြီး ကျောင်းပြီးပါက အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger