www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 26, 2013

မြန်မာ - ထိုင်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၆-၁-၂၀၁၃

ထိုင်းနိုင်ငံ ၊ Bangkok Bank Public Co., Senior Executive Vice President , Mr. Virasak Suthanthavibul ဦးဆောင်၍ ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၇၀ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး အတွက် ဇန်န၀ါရီ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ် အတွင်း ဘဏ်လုပ်ငန်း ၊ စားသောက်ကုန် နှင့် အေးခဲ ပင်လယ်စာ အမျိုးမျိုး လုပ်ငန်း ၊ ပလပ်စတစ် လုပ်ငန်း ၊ တိရစ္ဆာန် အစားအစာ လုပ်ငန်း နှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ၊ ရေစပ်စက် လုပ်ငန်း ၊ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း ၊ စတီးလုပ်ငန်း ၊ အိတ် အမျိုးမျိုး ထုတ်လုပ်မှု လုပ်ငန်း ၊ သတ္ထု လုပ်ငန်း ၊ စက်မှု လုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်း လုပ်ငန်း ၊ ဓာတ်မြေ သြဇာ လုပ်ငန်း ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း အမျိုးမျိုး ၊ မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း ၊ ဖိနပ် အမျိုးမျိုး ၊ အလှကုန် ပစ္စည်းများ ၊ စားအုန်းဆီ လုပ်ငန်း ၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ၊ ကွန်ပျူတာ လုပ်ငန်း ၊ စက်သုံးဆီ လုပ်ငန်း များကို မြန်မာ စီးပွားရေး လုပ်ငန်းရှင် များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် ဇန်န၀ါရီ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ၊ လမ်းတော် မြိုကနယ် ၊ မင်းရဲ ကျော်စွာလမ်း ရှိ UMFCCI Office Tower ပထမထပ် ၊ မင်္ဂလာခန်းမ ၌ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger