ရန်ကုန် ၊ ၂၀-၁-၂၀၁၃
မြန်မာနိုင်ငံတွင် အဓိက ဦးစားပေး ရမည့်
ကျန်းမာရေး ပြဿနာများ ဖြစ်သော တီဘီ ၊ ငှက်ဖျား ၊ အသည်းရောင် အသားဝါ ရောဂါများ အပါအ၀င်
ကူးစက် တတ်သော ရောဂါများကို ရှာဖွေရမည့် အဆင့်မည့် သုတေသန ဓာတ်ခွဲခန်းကို ကျန်းမာရေး
ဝန်ကြီးဌာန ၊ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) နှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ သုတေသန ဓာတ်ခွဲခန်း အတွက် ကိုရီးယား
အစိုးရမှ ဒေါ်လာသုံးသန်း လှူဒါန်းခဲ့ပြီး အောက်မြန်မာပြည် ဆေးသုတေသန ၀င်းအတွင်း ဆောက်လုပ်လျက်
ရှိသည်။ မြန်မာနိုင်ငံ တွင် ငှက်ဖျား ၊ တီဘီ စသော ရောဂါများသည် ဆင်းရဲနွမ်းပါးမှု လျော့ကျခြင်း
နှင့် နှီးနွယ် နေသည့် အတွက် နိုင်ငံတကာ အဆင့်မီ ကာကွယ် ထိန်းချုပ်ခြင်း နည်းစနစ် များနှင့်
စတင် သုံးစွဲခြင်း မပြုရ သေးသော ကုထုံးများ ရှိကြောင်း ၊ ရောဂါ ရှာဖွေ ဖော်ထုတ်ခြင်း
နှင့် သုတေသန ပြုလုပ်ရာတွင် ရလဒ်များသည် ပြည်သူ့ ကျန်းမာရေး ကို အဆင့်မြှင့်တင် ရာတွင်
အမှန်တကယ် ပြန်လည် အသုံးချ နိုင်ရန် လိုအပ်ကြောင်း သိရှိရသည်။





No comments:
Post a Comment