www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2012

အညာဒေသ တောင်သူများနှင့် ဆီးပင်များ

အညာဒေသ တောင်သူများနှင့် ဆီးပင်များ ဒီဇင်ဘာ(၄)ရက်နေ့
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြောက်ဘက်နယ်တစ်ဝိုက်မှာရှိသော ကျေးရာနေ တောင်သူများ အနေဖြင့် မိုးလေ၀သ နည်းပါးမှု ကြောင့် စပါးများ စိုက်ပျိုးမှု အောင်မြင်ခြင်း မရှိသော်လည်း လယ် ကန်သင်း မှ ဆီးပင်များတွင် အသီး အပွင့် ဝေဆာလျက်ရှိပြီး ဆီးသီးမှည့် သည့်အခါ ဆွတ်ခူးရာ၌ အပင်ခြေတွင် အသီးများ သန့်ရှင်းစွာ ကောက်ယူရန် အတွက် ပေါင်းသင် မြက်ရှင်းခြင်း လုပ်ငန်း လုပ်ဆောင် လျက်ရှိကြသည်။ ယခုနှစ်တွင် ဆီးသီးများ ဈေးကောင်း ရရှိမည်ဟု မျှော်လင့် ထားသော်လည်း လက်ရှိ ရောင်းဈေး အနေဖြင့် ဆီးသီး အမှည့်ခြောက် ၁ တင်းကို ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိပြီး တောင်သူ လုပ်ငန်းများ နှင့် တွဲဖက် လုပ်ရသော် လည်း အချို့ တောင်သူ များအနေဖြင့် ဆီးပင်များ များပြားစွာ ရှိသော တောင်သူများ အနေဖြင့် ၀င်ငွေ နှစ်ဖက် နှစ်လမ်း ရရှိသည့် အတွက် မိသားစု စားဝတ်နေရေး များ ပြေလည်မှု ရှိ၍ ဆီးပင်များကို ရေရှည် ရှင်သန်စေရေး အတွက် ထိန်းသိမ်း စောင့်ရှောက်မှု ပြုလုပ်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger