www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 11, 2012

လှိုင်သာယာနှင့် စဥ့်အိုးတန်း ဆိပ်ကမ်း ရေယာဉ်တစ်စီး ပြေးဆွဲမည်




ရန်ကုန် ၊ ၁၁-၁၁-၂၀၁၂

လှိုင်သာယာ မြို့နယ်ရှိ ပြည်သူများ သွားလာရေး အဆင်ပြေ စေရန်အတွက် လှိုင်သာယာ နှင့် လမ်းမတော် မြို့နယ်ရှိ စဥ့်အိုးတန်း ဆိပ်ကမ်းသို့ နိုဝင်ဘာ ၁၂ ရက်မှ စတင်ကာ ရေယာဉ် တစ်စီး နေ့စဉ် ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲမှ သိရသည်။

လှိုင်သာယာ မြို့နယ်မှ ပြည်သူများ ရန်ကုန်မြို့တွင်းသို့ လာရောက် အလုပ်လုပ် ကြသူ အများစုမှာ ဘုရင့်နောင် လမ်းမှာ အမြဲတစေ ယာဉ်ကြော ပိတ်ဆို့မှု နှင့် ကြုံတွေ့ နေရကြောင်း ၊ ယာဉ်ကြော ပိတ်ဆို့မှု ကြောင့် လူအများမှာ လုပ်ငန်းခွင်သို့ အချိန် နောက်ကျမှ ရောက်ရှိလာမှုကို လျော့ချနိုင်ရန် အတွက် ယခုကဲ့သို့ ရေယာဉ် တစ်စီးဖြင့် လှိုင်သာယာ မှ လမ်းမတော် မြို့နယ် စဥ့်အိုးတန်း ဆိပ်ကမ်းသို့ ပြေးဆွဲ ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရေယာဉ်ကို လှိုင်သာယာမှ နိုဝင်ဘာ ၁၂ ရက် နံနက် ၇ နာရီတွင် စတင်ထွက်ခွာ စေမည်ဖြစ်ပြီး စဥ့်အိုးတန်း ဆိပ်ကမ်းသို့ နံနက် ၈ နာရီတွင် ရောက်ရှိမည် ဖြစ်ကြောင်း ၊ အပြန်ခရီးစဉ်ကို စဥ့်အိုးတန်း ဆိပ်ကမ်းမှ ညနေ ၅ နာရီ ထွက်ခွာမည် ဖြစ်ပြီး လှိုင်သာယာ သို့ ညနေ ၆ နာရီ ရောက်ရှိမည် ဖြစ်ကြောင်း ၊ ယင်းခရီးစဉ်ကို " တံကျပ် " အမည်ရှိ သင်္ဘောဖြင့် တစ်ရက်လျှင် အသွား - အပြန် တစ်ခေါက်သာ ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း၊ နောက်ပိုင်း ခရီးသည် စီးနင်းမှု ပေါ်မူတည်၍ ခေါက်ရေ တိုးချဲ့ ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း ၊ ယာဉ်စီးခ နှုန်းထားမှာ လူတစ်ဦး ကျပ် ၂၅၀ ကျသင့်ပြီး ထိုင်ခုံခ ပေးရန် မလိုကြောင်းဖြင့် အဆိုပါ ဌာနမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger