www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 11, 2012

အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ပြောင်းရွှေ့မည်




ရန်ကုန် ၊ ၁၁-၁၁-၂၀၁၂

ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် အတွက် အလုံသင်္ဘော ကျင်းကို ၂၀၁၃ ခုနှစ် ၊ ဧပြီလတွင် ဒဂုံဆိပ်ကမ်း မြို့နယ်သို့ အပြီး ပြောင်းရွှေ့ သွားမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး မှ သိရသည်။

အလုံ သင်္ဘောကျင်းကို ဒဂုံဆိပ်ကမ်း မြို့နယ်သို့ ပြောင်းရွှေ့ရန် အတွက် ဒဂုံဆိပ်ကမ်း မြို့နယ်တွင် လွန်းလမ်း ခင်းခြင်း ၊ တံတားများ ၊ ဆိပ်ခံ ဘောတံတား များနှင့် အဆောက်အအုံ များ ၊ ၀န်ထမ်း အိမ်ရာများ ဆောက်လုပ် လျက်ရှိကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး အထွေထွေ မန်နေဂျာ က ပြောကြားသည်။

အလုံ သင်္ဘောကျင်း သည် မြစ်ဝကျွန်းပေါ် ဘက်အများဆုံး ပြေးဆွဲလျက် ရှိသော သင်္ဘောများအား လွန်းတင် ပြင်ဆင် ပေးလျက် ရှိရာ မြေအကျယ် အ၀န်းမှာ ဧက ၄၀ ခန့် ရှိကြောင်း ၊ အလုံ သင်္ဘောကျင်း ပြောင်းရွှေ့ပါက ယင်းနေရာတွင် မြို့ပြ အင်္ဂါရပ် နှင့် ညီညွတ်သော အဆောက် အအုံများ တည်ဆောက် နိုင်ပြီး ဆိပ်ကမ်းကပ် သင်္ဘောကြီးများ ကုန်တင် ကုန်ချ ပြုလုပ် ရာနရာ တစ်ခု ဖြစ် လာနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger