ရန်ကုန် ၊ ၈-၁၁-၂၀၁၂
ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ မြို့ရွာနှင့်
အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တွင် ဧရာဝဏ်အိမ်ရာ
စီမံကိန်း နှင့် ရတနာ အိမ်ရာစီမံကိန်း နှစ်ခု ဆောက်လုပ် သွားမည် ဖြစ်ရာ အရစ်ကျ စနစ်ဖြင့်
အမှန်တကယ် နေထိုင်သူများသို့ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝဏ် စီမံကိန်းမှာ မြေဧက ၁၀၂ ဒသမ
၎ ဧကပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် (၄၃)လုံး ၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက် (၂၁)လုံး
နှင့် လေးခန်းတွဲ (၁၂)ထပ်တိုက် (၁၀)လုံး တည်ဆောက် သွားမည် ဖြစ်သည်။
ရတနာအိမ်ရာ စီမံကိန်းမှာ မြေဧက ၁၀၇
ဒသမ ၇ ဧကပေါ်တွင် ရှစ်ခန်းတွဲ ကိုးထပ်တိုက် (၄၆)လုံး ၊ ခြောက်ခန်းတွဲ ကိုးထပ်တိုက်
(၃၃)လုံး နှင့် လေးခန်းတွဲ (၁၂)ထပ်တိုက် (၁၃)လုံး တည်ဆောက် သွားမည် ဖြစ်သည်။ အဆိုပါ
အိမ်ရာ စီမံကိန်း များတွင် ပန်းခြံ ၊ အားကစားကွင်း ၊ အပန်းဖြေ စခန်း ၊ လမ်းနှင့် ရေမြောင်း
စနစ် ၊ ဟိုတယ် ၊ စူပါမားကတ် ၊ ကျောင်း ၊ ဆေးခန်း ၊ ဓမ္မာရုံ ၊ ရပ်ကွက်ရုံးများ ပါဝင်မည်
ဖြစ်သည်။ တိုက်ခန်း ဈေးနှုန်းကို တန်ဖိုးနည်း ၊ တန်ဖိုးလတ် ၊ တန်ဖိုးမြင့် ခွဲခြားထားပြီး
(၁၀)နှစ်မှ နှစ်(၃၀)ထိ အရစ်ကျ ငွေချေစနစ် ဖြင့် တိုက်ခန်းခ ဈေးနှုန်းအား အခြေပြု တွက်ချက်
ထားရာ တန်ဖိုးနည်း တိုက်ခန်း အတွက် လစဉ်ကျပ် (၄၀၀၀၀) ၀န်းကျင်သာ ပေးသွင်းရမည် ဖြစ်ကြောင်း
သိရသည်။
စီမံကိန်း ကာလ ၃ နှစ်သတ်မှတ် ထားရာ
စီမံကိန်း ပြီးစီးပါက အမှန်တကယ် အိမ်ပိုင် မရှိဘဲ နေထိုင်မည့် သူများကိုသာ ၀န်ကြီးဌာန
မူဝါဒနှင့် အညီ စနစ်တကျ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment