www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2012

(၇)ကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော် နှင့် ကိုရီးယား ရက်သတ္တပတ် ပွဲတော် ကျင်းပမည်



မင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An

ရန်ကုန် ၊ ၈-၁၁-၂၀၁၂

(၇)ကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံတွင် နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပမည် ဖြစ်ရာ ကိုရီးယား ရုပ်ရှင်မင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့ တက်ရောက်မည် ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ တောင် ကိုရီးယား သမ္မတ နိုင်ငံသံရုံး စီးပွားရေး ဌာနမှ သိရသည်။

ကိုရီးယား ရုပ်ရှင်ပွဲတော်တွင် Flying Penguin Late Blossom ( I love you ) ၊ Bunt ၊ Highway Star စသည့် ကိုရီးယား ရုပ်ရှင်ဇာတ်ကား များ ပြသမည် ဖြစ်သည်။

ကိုရီးယား ရက်သတ္တပတ် ပွဲတော်ကို ရန်ကုန်မြို့ MCC ခန်းမတွင် နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ကျင်းပမည် ဖြစ်ရာ ကိုရီးယား ကုမ္ပဏီ ၅၅ ခု လာရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်တွင် ကိုရီးယား ပေါ့(ပ်)တေးဂီတ နှင့် မြန်မာနိုင်ငံ မှ မော်ဒယ်လ် အလှပြိုင်ပွဲများ ၊ ကိုရီးယား ဒရမ်မာ OST နှင့် မြန်မာ - ကိုရီးယား ပူးပေါင်း တင်ဆက် ဖျော်ဖြေပွဲများ ၊ သံအမတ်ကြီး ဖလား တိုက်ကွမ်ဒို ပြိုင်ပွဲနှင့် ကိုရီးယား စကားပြော ပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်များ အတွက် ၀င်ခွင့် လက်မှတ်များ ကို ကိုရီးယား သံရုံးတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger