www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 15, 2012

မြန်မာ့ခရီးသွားလုပ်ငန်း ဈေးရောင်းပွဲတော်ကျင်းပမည်



ရန်ကုန် ၊ ၁၅-၁၁-၂၀၁၂

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် (MTF) က ပထမဆုံး ကျင်းပမည့် မြန်မာ့ခရီး သွား ဈေးရောင်းပွဲတော် ကို ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီတွင် MCC ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်း ပွဲတော်တွင် ပြည်တွင်း ပြည်ပ ခရီးသွား ပို့ဆောင်ရေး ကုမ္ပဏီများ ၊ ပြည်တွင်း ဟိုတယ်များ နှင့် လေကြောင်းလိုင်း များ ၊ အမှတ်တရ အရောင်းဆိုင်များ ၊ ကားကုမ္ပဏီများ ၊ အိမ်ရာ အရောင်းပြခန်း များနှင့် လူသုံးကုန် ပစ္စည်းများ ပါဝင် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းပွဲတော် တွင် ပါဝင်ပြသ ရောင်းချမည့် လုပ်ငန်းရှင် များအား ကျေးဇူးတုံ့ပြန်မှု အစီအစဉ် တစ်ရပ် ထည့်သွင်း ထားရာ အဆိုပါ အစီအစဉ်မှာ ဘန်ကောက် ၊ ပတ္တရား ခရီးစဉ် ၃ ညအိပ် ၊ ၄ ရက်ခရီးစဉ် ဖြစ်ပြီး ကံစမ်းမဲ ဖောက်ပေးမည် ကြောင်း သိရသည်။ ထို့အပြင် လာရောက် လေ့လာ ကြည့်ရှု ၀ယ်ယူ သူများအတွက် လည်း ကံစမ်းမဲ ဖောက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger