www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 15, 2012

အပြည်ပြည်ဆိုင်ရာ ရိုးမမာရသွန် ပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၅-၁၁-၂၀၁၂

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် FMI Holding ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ ရိုးမ မာရသွန် ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်ရာ (၄၂) ကီလိုမီတာ မာရသွန် ပြိုင်ပွဲနှင့် (၁၀) ကီလိုမီတာ တာတို ပြိုင်ပွဲများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

(၄၂) ကီလိုမီတာ မာရသွန် ပြိုင်ပွဲကို ပြည်သူ့ရင်ပြင် ရှေ့မှ တာစလွှတ်ပြီး ပန်းလှိုင် ဂေါက်ကွင်းအထိ ၊ ပန်းလှိုင် ဂေါက်ကွင်းမှ ပြည်သူ့ ရင်ပြင် ရှေ့သို့ ပန်းပြန်ဝင် ရမည် ဖြစ်သည်။ (၁၀) ကီလိုမီတာ တာတို ပြိုင်ပွဲကို ပြည်သူ့ ရင်ပြင်ရှေ့မှ တာလွှတ်၍ ပြည်လမ်း အပြည်ပြည် ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) အထိ ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ ရိုးမ မာရသွန် ပြိုင်ပွဲတွင် ပြည်တွင်း ပြည်ပ အပြေးသမား ၁၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

(၄၂) ကီလိုမီတာ မာရသွန် ပြိုင်ပွဲ နှင့် (၁၀) ကီလိုမီတာ တာတို ပြိုင်ပွဲတို့တွင် ဆု (၅)ဆု ချီးမြှင့်မည် ဖြစ်သည်။ (၄၂) ကီလိုမီတာ မာရသွန် ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ (၂၅၀၀) ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ (၁၂၀၀) ၊ တတိယဆု အမေရိကန် ဒေါ်လာ (၆၀၀) ၊ စတုတ္ထဆု အမေရိကန် ဒေါ်လာ (၄၀၀) ၊ ပဉ္စမဆု အမေရိကန် ဒေါ်လာ (၃၀၀) နှင့် (၁၀) ကီလိုမီတာ တာတို ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ (၈၀၀) ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ (၄၀၀) ၊ တတိယဆု အမေရိကန် ဒေါ်လာ (၂၅၀) ၊ စတုတ္ထဆု အမေရိကန် ဒေါ်လာ (၁၅၀) ၊ ပဉ္စမဆု အမေရိကန် ဒေါ်လာ (၁၀၀) ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ကြေးမှာ ငွေကျပ် (၅၀၀၀) ဖြစ်ပြီး ရရှိသော ၀င်ကြေးများကို မြန်မာ နိုင်ငံ အတွင်းရှိ ပရဟိတ လုပ်ငန်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း နှင့် အမျိုးသား ရော အမျိုးသမီးပါ ၀င်ရောက် ယှဉ်ပြိုင်နိုင်သည့် မာရသွန် ပြိုင်ပွဲ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger