www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 17, 2012

International Green Week ပြပွဲသို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်နိုင်




ရန်ကုန် ၊ ၁၇-၁၀-၂၀၁၂

ဂျာမဏီ အစိုးရနှင့် Messe Berlin GmbH တို့မှ ကြီးမှူး ပြုလုပ်သည့် International Green Week - Berlin ပြပွဲကို ဂျာမဏီ နိုင်ငံ ၊ ဘာလင်မြို့တွင် ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် နိုင်ကြောင်း သိရသည်။

 

အဆိုပါ ပြပွဲသည် အစားအစာ ၊ လယ်ယာစိုက်ပျိုးရေး ၊ သစ်တော နှင့် ဥယျာဉ် ခြံမြေ စိုက်ပျိုးရေး ဆိုင်ရာ ကမ္ဘာ့ အကြီးဆုံး ကုန်သွယ်ရေး ပြပွဲကြီး ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ စိတ်ဝင်စားသော စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အသေးစိတ် အချက်အလက် များသိရှိလိုပါက အီးမေးလ် goeke@messe-berlin.de သို့ မေးမြန်း စုံစမ်း နိုင်ကြောင်း သိရသည်။ ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် သွားရောက်မည့် ကုမ္ပဏီ စာရင်း ၊ ပစ္စည်း စာရင်း (Invoice) ၊ တက်ရောက်မည့် ပုဂ္ဂိုလ်များ စာရင်းတို့ကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၁၉ ရက်နေ့ နောက်ဆုံးထား၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်သို့ ပေးပို့ သွားကြရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger