www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 5, 2019

25TH SOUTH ASIAN JUNIOR & CADET TENNIS CHAMPIONSHIPS 2019 ပြိုင်ပွဲအတွက် လူငယ်လက်ရွေးစင် ရွေးချယ်ပွဲ ကျင်းပမည်

25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက် လူငယ်လက်ရွေးစင် ရွေးချယ်ပွဲ ကျင်းပမည်
-
နေပြည်တော်   မတ်   ၄  
-
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၄ရက် မှ ၉ရက်အထိ ကျင်းပမည့် 25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုလူငယ်လက်ရွေးစင် ရွေးချယ် ပွဲကို မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ မတ်လနောက်ဆုံးပတ်တွင်  ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
''မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်  ကနေ စေလွှတ်မယ့် ကစားသမားတွေဟာ အသက် ၃ဝ ကျော်နေတဲ့ အတွက် လေ့ကျင့် စေလွှတ်ရာမှ တစ်ဖက်နိုင်ငံနဲ့ ယှဉ်ပြိုင်ကစားဖို့ အခက်အခဲတွေရှိလာပါတယ်။ ဒါကြောင့်မို့ လူငယ်မျိုး ဆက်သစ် အားကစားသမားလေးတွေကို  အဖွဲ့ချုပ်ကရွေးချယ် လေ့ကျင့်မှုတွေ ပြုလုပ်ပေးပြီး အသက်ကိုးနှစ်မှ ၁၂ နှစ် ကစား သမား လေးတွေကို မွေးထုက်ကျေ့င့်ပေးလျက်ရှိပါတယ်။ အဓိကကတော့ မျိုးဆက်သစ်ကစားသမား လေးတွေကို ပြည်ပ အတွေ့အကြုံတွေ ရရှိအောင် အခုလိုပြိုင်ပွဲတွေမှာ စေလွှတ်ယှဉ်ပြိုင်တာ ဖြစ်တယ်''ဟု မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှနည်းပြချုပ် ဦးအောင်ဝင်းက ပြောကြားသည်။ 
-
အဆိုပါ  ထိုင်းနိုင်ငံ၌ ကျင်းပမည့် 25th South Asian Junior & Cadet Tennis Championships 2019 ပြိုင်ပွဲအတွက်ဲ Junior လူရွေးချယ်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီ ၁ရက် နောက်ပိုင်း မွေးဖွားသူများနှင့် Cadetလူရွေးချယ်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၂ဝဝ၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက် ပိုင်းမွေးဖွားသူများ ဝင်ရောက်ယှဉ်ပြိုင် ကစားနိုင်ပြီး အားကစား အမျိုးအစား နှစ်မျိုးအတွက် ကစားသမားရှစ်ဦး ရွေးချယ် စေလွှတ်သွားမည် ဖြစ်ကြောင်းသိရသည်။ 
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger