www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 5, 2019

ပြည်တွင်းရှိ ဆန်စက်အလုံးရေ စစ်တမ်း ကောက်ယူရန် စီစဉ်

ပြည်တွင်းရှိ ဆန်စက်အလုံးရေ စစ်တမ်း ကောက်ယူရန် စီစဉ်
-
ရန်ကုန်   မတ်    ၄ 
-
ဆန်စပါးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်တွင်းရှိ ဆန်စက်အလုံးရေ စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ ပြောကြားချက်အရ သိရသည်။ 
-
ယင်းကဲ့သို့စစ်တမ်းကောက်ယူရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ပညာရှင်များ၊ ဆန်စက် လုပ်ငန်းရှင်များနှင့်အတူစီစဉ်နေခြင်း ဖြစ်သည်။ ''ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပေမယ့် စနစ်တကျဖွံ့ဖြိုး တိုးတက်ဖို့တော့လိုအပ်နေသေးတယ်။ရေရှည်စနစ်တကျ ဖွံ့ဖြိုးဖို့လိုတယ်။ အဲဒါကြောင့် ဆန်စက်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီး စာရင်းကောက်ယူဖို့ စီစဉ်တာပါ'' ဟုဦးအောင်သန်းဦး ကပြောသည်။ 
-
ထိုသို့စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ ဆန်စက်များ၏ တည်နေရာ၊ တစ်ရက်လျှင်ပျမ်းမျှကြိတ်ခွဲနိုင်သည့်ပမာဏ စသည်တို့ကို ကောက်ယူမည်ဖြစ်သည်။ ''မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်တွေ အလုံးရေဘယ်လောက်ရှိလဲ၊ ဘယ်နေရာတွေမှာ ရှိလဲ၊ ဆန်စက်တွေရဲ့တစ်ရက်ကြိတ်ခွဲနိုင်တဲ့ ပမာဏဘယ်လောက်ရှိလဲ၊ ဒီဆန်စက်တွေကနေ တန်းမြင့်ဆန်တွေဘယ်လောက်ကြိတ်ခွဲနိုင်လဲ၊ တန်းနိမ့်ဆန်တွေ၊၂၅ မှတ်ဆန်တွေ ဘယ်လောက်ကြိတ်နိုင်လဲ၊  ဒါတွေကို စနစ်တကျရှိဖို့ စာရင်းကောက်ယူမှာပါ''ဟု ဦးအောင်သန်းဦး ကပြောသည်။ 
-
၂ဝ၁၇  ခုနှစ်   အောက်တိုဘာလက မိုးစပါးပေါ်ချိန်တွင်တရုတ်နိုင်ငံမှ စပါးဝယ်ယူမှုများကြောင့် မန္တလေးတိုင်း ဒေသကြီးရှိ ဆန်စက် ၉ဝ ရာခိုင်နှုန်း ရပ်တန့်ခဲ့ရကာယမန်နှစ်ကလည်း ဝယ်ယူမှုများ ရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ဆန်အဓိက တင်ပို့နေသည့်နိုင်ငံများတွင် အစိုးရများမှ ချေးငွေထောက်ပံ့ပေးမှု များကြောင့် ဆန်စက်များသည် တစ်နေ့လျှင် တန်  ၄ဝဝ  မှ တန် ၁ဝဝဝ ထုတ်လုပ်နိုင်သည်အထိတိုးတက်နေကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger