www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 29, 2017

ပုလဲ-ဂန့်ဂေါ ကားလမ်းတွင် အဖျက်အမှောင့် ပြုလုပ်လိုသူများနှင့် တရားမဝင်သစ်များ ခိုးယူမှုမရှိစေရေး မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ရှာဖွေစစ်ဆေး



ပုလဲ ၂၉-၁၂-၂ဝ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၂၈/၆) တွင် ဖွင့်လှစ်ထားရှိသော ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမြင့်အောင်နှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် အဖျက်အမှောင့်ပြုလုပ် လိုသူများ ဝင်ရောက်မှုမရှိစေရေး၊ တရားမဝင်သစ်များ ခိုးယူသယ်ဆောင်မှု မရှိစေရေးနှင့် ဖမ်းဆီးရမိ စေရေးအတွက် ပိတ်ဆို့ ရှာဖွေစစ် ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပုလဲမြို့ ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၂၈/၆)တွင် ဖွင့်လှစ်ထားရှိသော ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တာဝန်ထမ်းဆောင် လျက်ရှိသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် မြို့နယ်သစ်တောဦးစီး ဌာနမှ ဝန်ထမ်းများအနေဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း လုပ်ငန်းကို အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပုလဲမြို့မရဲတပ်ဖွဲ့စခန်း နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် လင်းလင်းထွန်း၏ ပြောပြချက်အရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger