www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 29, 2017

ပြည်မြို့၌ မီးအားမြှင့်စက် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား



ပြည် ၂၉-၁၂-၂ဝ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဆင်စုရပ်ကွက် မြောင်းကြီးတန်းလမ်းတွင် ယနေ့နံနက် ၈ နာရီခန့်က မီးအားမြှင့်စက်မှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောင်းကြီးတန်း လမ်းဘေးနေ ကိုအောင်ဇင်မိုး၏ ပေ (၃ဝ​×၂ဝ) သွပ်မိုး၊ ပျဉ်ကာနေအိမ်အတွင်းရှိ မီးအားမြှင့်စက်မှအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ကိုအောင်ဇင်မိုး၏ နေအိမ်မှတစ်ဆင့် ကိုပူတူ (ဆောင်းဘောက် ပြုပြင်ရေး) ၏ ပေ (၃ဝ×၂ဝ) ရှိ နေအိမ်တစ်ခြမ်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်များနှင့်အတွင်းပစ္စည်း စုစုပေါင်းငွေကျပ် ၁ဝဝဝဝဝဝ ခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ ပြည်မြို့ပေါ်ရှိ သန္ဓေမီးသတ်ကား ခုနစ်စီး၊ အရန်မီးသတ်ယာဉ်၁၅စီး စုစုပေါင်း ၂၂စီး၊ ခရိုင်မီးသတ်ဦးစီးမှူး အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၉ဝ တို့က ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁ဝ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင်ဖြစ်သူ အောင်ဇင်မိုးကို ပြည်မြို့မရဲစခန်းက (ပ)၂ဝ၁၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger