www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 29, 2017

မန္တလေးမြို့ ဆန်ဈေးကွက်သို့ ရွှေဘိုဘေးကျား ပေါ်ဆန်းနှင့် ဆန်ကြမ်းဆန်အသစ်များ ဈေးအမြင့်ဖြင့် စတင်ဝင်ရောက်လာ



မန္တလေး ၂၉-၁၂-၂ဝ၁၇

ယခုရက်ပိုင်းအတွင်း မန္တလေးဆန်ဈေး ကွက်အတွင်းသို့ ရွှေဘိုဘေးကျား ပေါ်ဆန်းဆန်အသစ်နှင့် ဆန်ကြမ်းဆန်အသစ်များ ဈေးအမြင့်ဖြင့် စတင်ဝင်ရောက်လာကြောင်း မန္တလေးမြို့ဆန်ကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။

ရွှေဘိုဘေးကျား ပေါ်ဆန်းဆန် အသစ်များမှာ ယခင်နှစ် ဆန်သစ်ပေါ်ချိန် ဈေးနှုန်းထက် တစ်အိတ်လျှင် ငွေကျပ်ငါးထောင်ခန့် ဈေးအမြင့်ဖြင့် ဝင်ရောက်လာပြီး ဆန်ကြမ်းဆန် အသစ်များမှာလည်း ယခင်နှစ်ကထက် တစ်အိတ်လျှင် ငွေကျပ်၂ဝဝဝ၊ ၃ဝဝဝခန့်ဈေးအမြင့်ဖြင့် ဝင်ရောက်လာကြောင်း သိရသည်။

"ရွှေဘိုပေါ်ဆန်းက အဟောင်းဈေးက မြင့်နေတော့ အသစ်ကလဲ အမြင့်ဈေးနဲ့ ဝင်လာတာပါ။ အရင်နှစ်က သင်္ကြန်ကာလ ပြီးမှရောက်တဲ့ ဈေးနဲ့ စဝင်လာတယ်။ ဒီနှစ်မှာဆန်သစ်တွေ အားလုံးအမြင့်ဈေးတွေနဲ့ ပဲဝင်လာတာပါ။ အရောင်းအဝယ် အေးပေမယ့် ဈေးကျဖို့ အနေအထားတော့ မရှိပါဘူး"ဟု မန္တလေးမြို့ဆန်ကုန်သည် ဦးသိန်းဇော်က ပြောပြသည်။

လက်ရှိတွင် ရာသီဥတုအေးခြင်းနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် ဆန်အရောင်းအဝယ် အေးလျက်ရှိပြီး ဆန်ဟောင်းများ လက်ကျန်နည်းချိန်နှင့် ဆန်သစ်များ စပေါ်ချိန်ဖြစ်သည့်အတွက် ဆန်ဈေးနှုန်းမငြိမ်သေးဘဲ နောက်တစ်လခန့်အကြာ နယ်စုံမှဆန်သစ်များ ဝင်ရောက်ချိန်မှသာ ဈေးနှုန်းတည်ငြိမ်နိုင်ကြောင်း သိရသည်။

လက်ရှိဆန်ဈေး နှုန်းများမှာ တစ်အိတ်လျှင် ရွှေဘိုဘေးကျား ပေါ်ဆန်း (အဟောင်း) တစ်အိမ်လျှင် ငွေကျပ် ၅၆ဝဝဝမှ ငွေကျပ် ၅၇ဝဝဝ၊ ရွှေဘိုဘေးကျားပေါ်ဆန်း( အသစ်) တစ်အိတ်လျှင် ငွေကျပ် ၄၄ဝဝဝ မှငွေကျပ် ၄၅ဝဝဝ၊ ရန်ကုန်ပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ငွေကျပ် ၄၈ဝဝဝ၊ ရန်ကုန်ပေ ဆန်း (အသစ်) တစ်အိတ်လျှင် ငွေကျပ်၃၃ဝဝဝမှငွေကျပ် ၃၉ဝဝဝ၊ လမ်းသုခ (အသစ်)တစ်အိတ်လျှင်ငွေ ကျပ်၂၁ဝဝဝမှ ငွေကျပ်၂၂ဝဝဝ၊ ကောက်ညှင်း (ရန်ကုန်) တစ်အိတ်လျှင် ငွေကျပ်၂၉ဝဝဝမှ ငွေကျပ် ၃ဝဝဝဝ၊ ကောက်ညှင်း (ကောလင်း) တစ်အိတ်လျှင် ငွေကျပ် ၂၄ဝဝဝမှ ငွေကျပ်၂၆ဝဝဝ၊ မဂျမ်းတော (အသစ်)တစ်အိတ်လျှင်ငွေကျပ်၃၅ဝဝဝမှငွေကျပ် ၃၆ဝဝဝ၊ မဂျမ်းတော (အဟောင်း) တစ်အိတ်လျှင် ငွေကျပ် ၄၇ဝဝဝ မှငွေကျပ် ၄၈ဝဝဝ၊ မြီးကောက် (အဟောင်း) တစ်အိတ်လျှင် ငွေကျပ်၂၈ဝဝဝမှ ငွေကျပ်၂၈၅ဝဝ၊ လုံးသွယ်မွှေး တစ်အိတ်လျှင် ငွေကျပ်၃၃ဝဝဝမှ ငွေကျပ် ၃၇၅ဝဝတို့ဖြစ်ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger