www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 16, 2012

ရွှေ့လျားကျန်းမာရေး ဆေးခန်းဖွင့်လှစ်ခြင်း နှင့် အသိပညာပေး ဟောပြော




ရန်ကုန် ၊ ၁၆-၁၁-၂၀၁၂

ရန်ကုန် အရှေ့ပိုင်း ခရိုင် ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းမှ ပူးပေါင်း၍ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၄၂) ရပ်ကွက် အတွင်း၌ ရွှေ့လျား Mobile Clinic များ ကျန်းမာရေး ဆေးခန်း ဖွင့်လှစ်ပြီး ၊ ရပ်ကွက်နေ ပြည်သူ (၇၂) ဦအား ဆေးကုသမှု ပေး၍ မြို့နယ် ပြည်သူ့ ဆေးရုံသို့ လူနာ (၅) ဦး ညွှန်းပို့ ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူလူထု ကျန်းမာရေး ဆိုင်ရာ သိကောင်း စရာများကို ဒေသန္တရ ဆရာဝန် ဒေါက် တာ ဒေါ်နေခြည်ဝင်း မှ အသိပညာပေး ဟောပြောခဲ့ပြီး ၊ ရပ်ကွက် အတွင်းရှိ ကလေး သူငယ်များ ၊ ကိုယ်ဝန်ဆောင် မိခင်များ ၊ နာမကျန်း သူများအား အခမဲ့ ဆေးဝါး တိုက်ကျွေး ကုသပေး ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) အမှတ်(၄၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ လိုအပ်သည်များ ပံ့ပိုး ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger