www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 16, 2012

၂၀၁၂ ခုနှစ် ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဉာဏ်ရည် မမီသူများ အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ




ရန်ကုန် ၊ ၁၆-၁၁-၂၀၁၂

၂၀၁၂ ခုနှစ် ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဉာဏ်ရည် မမီသူများ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၅-၁၁-၂၀၁၂ ရက်နေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ ၊ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဧရာဝတီ နှင့် ရှမ်းပြည်နယ် တို့မှ ဉာဏ်ရည် မမီသူ အားကစား သမား (၅၀၀) ကျော်ခန့် ပါဝင် ယှဉ်ပြိုင်ကြပြီး မီတာ (၅၀) ၊ မီတာ (၁၀၀) ၊ မီတာ (၂၀၀) အပြေး ပြိုင်ပွဲ ၊ လမ်းလျှောက် ၊ အလျားခုန် ၊ ဆော့ဖ်ဘောပစ် နှင့် ဘိုချီ ဘောလုံးလှိမ့် အားကစား နည်းများ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဉာဏ်ရည် မမီသူများ အားကစား အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger