www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 21, 2012

စီးပွားရေးကြော်ငြာဆိုင်းဘုတ်များ စည်းကမ်းချက်များနှင့် ညီညွတ်မှသာ လက်ခံမည်




မန္တလေး ၊ ၂၀-၁၀-၂၀၁၂

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ အဆောက်အဦနှင့် ကုန်ရုံဌာနမှ စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ်များအား စည်းကမ်းချက်များ နှင့် ညီညွတ်မှသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ထားသော စည်းကမ်းချက် များမှာ ကြော်ငြာ ဆိုင်းဘုတ်များကို အိမ်ရှင်၏ မျက်နှာစာကို ထိခိုက်မှု မရှိစေရ ၊ လျှပ်စစမီး ဓာတ်ကြိုးများနှင့် အနည်းဆုံး ၆ ပေ ကွာရမည် ၊ ယာဉ်သွားယာဉ်လာ မြင်ကွင်းကို ကွယ်သော အနေအထားမျိုး မဖြစ်စေရ ၊ ခိုင်ခံ့မှု ပါဝင်သော ဒီဇိုင်းပုံ ရေးဆွဲ၍ တင်ပြရမည် ၊ ယဉ်ကျေးမှု နှင့် မလျှော်ညီသော ပုံများ မပါဝင်ရ ဟူသော သတ်မှတ်ချက်များ ပါရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger