www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 22, 2012

ရန်ကုန် - ဟောင်ကောင် - ရန်ကုန် ခရီးစဉ်သစ် ပြေးဆွဲမည်




ရန်ကုန် ၊ ၂၂-၁၀-၂၀၁၂

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှ ရန်ကုန် - ဟောင်ကောင် - ရန်ကုန် ခရီးစဉ်သစ်ကို ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ တွင် စတင်ကာ တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အနေဖြင့် ဟောင်ကောင် ခရီးစဉ်အပြင် ယခုနှစ်အတွင်း ကိုရီးယား နိုင်ငံ ၊ ဂျပန်နိုင်ငံ နှင့် တိုင်ဝမ် (တရုတ်တိုင်ပေ) ခရီးစဉ်သစ်များ ပျံသန်းပြေးဆွဲရန် ရှိကြောင်း ၊ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းမှ စင်းလုံးခရီးစဉ် Charter Flights များ ၊ Hazi ဘုရားဖူး ခရီးစဉ်များကိုလည်း စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI သည် ဟောင်ကောင် ခရီးစဉ်ကို ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ပျံသန်း ပြေးဆွဲခဲ့ကြောင်း ၊ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ် ထပ်မံ ပြေးဆွဲခဲ့ပြီး ယင်းခရီးစဉ်ကို ရပ်နားခဲ့ရာမှ ယခုနှစ် ဒီဇင်ဘာလ တွင် ပြန်လည် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger