www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 25, 2019

ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့ရှိ တောင်သူများ စုပေါင်းပြီး ဖရဲနှင့်သခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

-
ရေစကြို ဖေဖော်ဝါရီ ၂၄ 
-
ယခုနှစ် ဒီဇင်ဘာလ ဖရဲ၊သခွား စိုက်ပျိုး ချိန်မှစ၍ ရေစကြိုမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ တောင်သူများ ပူးပေါင်းကာ ဖရဲ၊သခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်ဖြစ် ကြောင်းမကွေးတိုင်းဒေသကြီး ဖရဲ၊သခွားတင်ပို့ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်း ထံမှ သိရသည်။ 
-
နှစ်စဉ် ဖရဲ၊ သခွား ရာသီရောက်ချိန်တွင် ဈေးနှိမ်ခံရမှုများကြောင့် ယခုနှစ်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တို့ရှိဖရဲ၊ သခွားစိုက်ပျိုးသူများစုပေါင်းကာဈေးကောင်းရရှိရေးအတွက် GAP စနစ်ဖြင့် စိုက်ပျိုးရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''ဖရဲ၊ သခွားပေါ်ချိန်ဆိုရင် အမြဲတမ်း ဈေးနှိမ်ခံရတယ်။ GAP စနစ်နဲ့သာ စိုက်မယ်ဆိုရင် ဈေးကောင်းရမယ်။ GAP စနစ်နဲ့ စိုက်ပျိုးဖို့ အုပ်စုဖွဲ့ပြီး လုပ်ဆောင်ကြမှာပါ'' ဟု ဦးကျော်မင်း ကပြောသည်။ ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့သည် နယ်မြေချင်းထိစပ်နေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူခြင်းနှင့် အဆိုပါ မြို့နယ်တို့ရှိ  တောင်သူအများစုမှာ ဖရဲ၊ သခွား စိုက်ပျိုးသူများဖြစ်သည့် အတွက် GAP စနစ်ဖြင့်စိုက်ပျိုးခြင်းသည်  အောင်မြင်နိုင်မည်ဟုယုံကြည်ကြောင်း ချောင်းဦးမြို့နယ်မှ တောင်သူ ဦးအေးဆောင်ကပြောသည်။ 
-
''ကိုယ်တစ်ဦးတည်း GAP စနစ်နဲ့ စိုက်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ GAP စနစ် က  အများနဲ့ စုပေါင်းပြီးစိုက်ပျိုးရင်  ပိုပြီး အဆင်ပြေနိုင်တယ်'' ဟု ဦးအေးဆောင်က ပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger