www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

ပြောင်းစိုက်ခင်းအတွင်း ငမြှောင်တောင်ပိုးများ ကျရောက်မှု မရှိစေရေး စစ်ဆေး

ပြောင်းစိုက်ခင်းအတွင်း ငမြှောင်တောင်ပိုးများ ကျရောက်မှု မရှိစေရေး စစ်ဆေး
-
အင်းတော်  ဇန်နဝါရီ  ၁၇ 
-
စစ်ကိုင်းတိုင်းဒေသကြီး   ကသာခရိုင် အင်းတော်မြို့နယ်အတွင်းရှိ ပြောင်းစိုက် တောင်သူများ၏ စိုက်ပျိုးမြေများ၌  ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့က ပြောင်းစိုက်တောင်သူများ၏စိုက်ပျိုးမြေများသို့ သွားရောက်၍   ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
-
''ကျွန်တော်တို့အင်းတော်မြို့နယ် အတွင်းမှာရှိတဲ့ ပြောင်းစိုက်တောင်သူတွေ အနေနဲ့ မိမိတို့စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုမရှိဘဲ အကျိုးခံစားမှု အပြည့်အဝ ရရှိစေချင်တဲ့အတွက် အခုလို ဆောင်ရွက်ပေးရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူတွေ အနေနဲ့ ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးစွဲခြင်း၊   ပိုးသတ်ဆေး မှားယွင်းသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ရှောင်ရှားနိုင်အောင်လို့ ကျွန်တော်တို့ ဝန်ထမ်းတွေ ကိုယ်တိုင် သက်ဆိုင်ရာ လယ်ယာစိုက်ခင်းများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးရခြင်းပဲ ဖြစ်ပါတယ်။ အခြားတောင်သူတွေ အနေနဲ့လည်း မိမိတို့စိုက်ပျိုးထားတဲ့ ယာမြေ၊ လယ်မြေတွေမှာ အခက်အခဲတွေ တွေ့ရှိပါက  ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနကို လာရောက်ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါတယ်''ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။ 
-
ထိုသို့ စစ်ဆေးဆောင်ရွက်ပေးရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပြောင်းစိုက်တောင်သူများကို ငမြှောင်တောင်ပိုးကျရောက်ပါကမပြန့်ပွားရန်ထိန်းသိမ်းနည်းများကိုလည်းအသိပညာပေး ဆွေးနွေးပြောကြားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger