www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 21, 2019

ပူတာအိုမြို့နယ်၊ ဖက်မာ ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပူတာအိုမြို့နယ်၊ ဖက်မာ ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   ဇန်နဝါရီ    ၂ဝ
-
ကချင်ပြည်နယ်၊  ပူတာအိုမြို့နယ်၊  ဖက်မာ ကျေးရွာရှိ ဒေသခံ ပြည်သူများအား ဇန်နဝါရီ၁၉ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာရှိအခြေခံပညာမူလတန်း ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေး သည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ  ၁၁၅ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊  ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး  ဟင်းချိုမှုန့် စားသုံးခြင်း၏ အန္တရာယ်အကြောင်း  ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger