www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူနှစ်ဦးထံမှ ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူနှစ်ဦးထံမှ ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၁၇
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ်လားရှိုးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ဦးဇော်မင်းထွန်းမောင်းနှင်လာသောမြတ်မန္တလာထွန်းခရီးသည်တင်မော်တော်ယာဉ်အား ယနေ့နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင် လိုက်ပါလာသည့် မချိုပြုံး(ဘ) ဦးမြင့်ဇော်နှင့် တင်ငွေ (ဘ) ဦးဘမောင်တို့နှစ်ဦး သယ်ဆောင်လာသော ခရီးဆောင်အိတ်များ အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၁ဝဝဝဝဝ ပြား (စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၅ဝဝဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားအုန်းချောနယ်မြေရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger