www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 6, 2018

SSA (ဝမ်ဟိုင်း)နယ်မြေ အတွင်းသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော အက်စစ်များနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်များ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော အက်စစ်များနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်။


နေပြည်တော် ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်နှင့် မိုင်းရယ်မြို့နယ်များတွင် သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း SSA (ဝမ်ဟိုင်း)နယ်မြေအတွင်းသို့ ပို့ဆောင်မည့် ငွေကျပ်သိန်းပေါင်း ၉၄ဝဝ ကျော်တန် ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်များနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သတင်းအရ သြဂုတ် ၂၉ ရက် ည ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတား၌ ယာဉ်များ အား ရှောင်တခင်စစ်ဆေးခဲ့ရာ အီသိုင်းအီ သာအက်စစ်ပီပါ ၁၂၅ လုံး(၆၂၅ဝ ဂါလန်)၊ ဟိုက်ဒရိုကလိုရစ်အက်စစ်ပီပါ အလုံး ၅ဝ (၂၅ဝဝ ဂါလန်)နှင့် ကဖင်း ၁ဝ၅ အိတ် (၂၆၂၅ ကီလိုဂရမ်)တို့ကို Nissan အမျိုးအစား ၁၂ဘီးယာဉ် သုံးစီးပေါ်မှ ယာဉ်မောင်းသုံးဦး၊ ယာဉ်နောက်လိုက်သုံးဦး၊ လမ်းပြနှစ်ဦးတို့ နှင့်လည်းကောင်း၊ ဆက်စပ်သတင်းအရ သြဂုတ် ၃ဝ ရက် ညနေ ၄ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာ အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ အက်စီတုံးအက်စစ်ပီပါ ၈၅ လုံး (၄၂၅ဝ ဂါလန်)၊ ဟိုက်ဒရိုကလိုရစ်အက်စစ် အလုံး၈ဝ (၄ဝဝဝ ဂါလန်)တို့ကို Nissan အမျိုးအစား ၁၂ ဘီးယာဉ် သုံးစီးပေါ်မှ ယာဉ်နောက်လိုက်သုံးဦးနှင့် လည်းကောင်း၊ စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခန့်တွင် မိုင်းရယ်မြို့အထွက် နားလီကျေးရွာအနီး၌ အီသိုင်းအီသာ အက်စစ်ပီပါ ၈၈ လုံး (၃၅၂ဝ ဂါလန်)၊ ဟိုက်ဒရိုကလိုရစ်အက်စစ်ပီပါ ၁၈ လုံး (၇၂ဝ ဂါလန်)၊ ကဖင်း ၂၉၄ ဒသမ ၄၈ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် သံကိုယ်ထည် မွှေစက်ငါးလုံး၊ သံကိုယ်ထည်ပြွန်လေးလုံး၊မော်တာလေးလုံးတို့ကို HYUNDAI အမျိုးအစား ၂၂ ဘီးယာဉ်နှင SINOTRUCK အမျိုးအစား ၂၂ ဘီးယာဉ်တို့ပေါ်မှ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်သုံးဦး၊ လမ်းပြ တစ်ဦးတို့နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်များအရ ယင်းမူးယစ်ဆေးဝါးများကို ပို့ဆောင်စေခိုင်းသူမှာ မူဆယ်မြို့၊ ကောင်းမှုတုံရပ် ကွက်၊ ဖူလီလိုက်လမ်းကြားနေ နိုင်ဇော်ဦး ဆိုသူဖြစ်ပြီး ၎င်းနေအိမ်အား သက်ဆိုင်ရာမှ ဝင်ရောက်ဖမ်းဆီးစဉ် နေအိမ်၌ မတွေ့ရှိ ရဘဲ တိမ်းရှောင်လျက်ရှိကြောင်း၊ ပိုင်ရှင်များမှာ ကွတ်ခိုင်မြို့နေ နောနော်၊ ဒီဒီးနှင့် အားဝေတို့ဖြစ်ကြောင်း၊ ယခုအကြိမ်မှာ ဒုတိယအကြိမ် ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သယ်ဆောင်လာသည့် လမ်းကြောင်းမှာ မူဆယ်မှတစ်ဆင့် ၁ဝ၅ မိုင်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းလမ်း အသုံးပြုကာ လားရှိုး၊ ၎င်းမှ သီပေါ-မိုင်းရယ်မှ တစ်ဆင့် SSA (ဝမ်ဟိုင်း)နယ်မြေသို့ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများ ဖမ်းဆီးရမိစေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger