www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 7, 2018

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်တွင် လေယာဉ်မျိုးစုံပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်



ပြင်ဦးလွင် ၇-၈-၂ဝ၁၈

ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်တွင် လေယာဉ်မျိုးစုံပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြမည် ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက
ပြောပြသည်။

မကြာမီကာလတွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် တန်ဆောင်တိုင် ပွဲတော်ကာလသို့ ရောက်ရှိတော့ မည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ မီးပုံးပျံပွဲတော်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကော်မတီများ ဖွဲ့စည်းထားခြင်း မရှိသေးကြောင်း၊ ယခုစက်တင်ဘာလ အတွင်း၌ ဦးစီးကော်မတီများ ဖွဲ့စည်းကာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ခွဲဝေပေးမှုများ ပြုလုပ်ပေးသင့်ပြီး ယခုလထက်နောက်ကျပါက မီးပုံးပျံပြိုင်ပွဲအတွက် ရှေ့ဆက်လုပ်ဆောင် ရမည့်အစီအစဉ်များကို တစ်လခန့်ဖြင့်သာ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ယခင်နှစ်က ထည့်သွင်း ကျင်းပခဲ့သည့် လေကြောင်းဆိုင်ရာ လူငယ်များကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသည့် လေယာဉ်ပျံများကို ပြပွဲပြိုင်ပွဲတွင် ထည့်သွင်းကျင်းပ ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

"တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပဖို့က နှစ်လပဲလိုတော့တယ်။ အခုလကတည်းကစမှ ပွဲတော်အတွင်းမှာ ကျင်းပမယ့်ပြိုင်ပွဲတွေကို ကြိုတင်စီစဉ် လို့ရမှာပါ။ အဓိကကတော့ လူငယ်တွေကိုယ်တိုင် ဖန်တီးထားတဲ့ လေယာဉ်ပျံမျိုးစုံ စီးချင်းထိုးပြီး ပြိုင်တာတွေ၊ အလှပြတာတွေ စတဲ့မျိုးဆက်သစ်တွေကို မြေတောင်မြှောက် ပေးနိုင်ဖို့အတွက် ဒီလိုပြိုင်ပွဲကို ထည့်သွင်းကျင်းပပေးဖို့ တော့လိုမယ်။ ပြိုင်ပွဲလုပ်ဖြစ်ရင် လူငယ်တွေ အချိန်ယူပြီး လေယာဉ်မျိုးစုံကို ဖန်တီးလို့ရအောင်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ်ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကျင်းပ နိုင်ရေးအတွက် ယခုစက်တင်ဘာလ ပထမပတ်ကတည်းက သက်ဆိုင်ရာကော်မတီ အဖွဲ့အစည်းများ ဖွဲ့စည်းမှုမရှိပါက တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံအလုံးရေ ယခင်နှစ်ထက် လျော့ကျသွားနိုင်သည်။ "အရင်နှစ်ကမှ ပထမဆုံးအကြိမ်အဖြစ် ပြင်ဦးလွင် တန်တောင်တိုင်ပွဲတော်မှာ လေယာဉ်ပျံမျိုး စုံပြပွဲ၊ ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့တယ်။ ဒီပြပွဲ၊ပြိုင်ပွဲမှာ လေကြောင်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ လေယာဉ်မျိုးစုံကို ကိုယ်တိုင်ဖန်တီးပြီး လာပြိုင်တာတွေ့ရတယ်။ တိုက်လေယာဉ်ပုံစံတွေနဲ့ စီးချင်းထိုး တိုက်တဲ့ပုံစံတွေကအစ ပြသသွားတာတွေက အနာဂတ်မှာဖန်တီး နိုင်စွမ်းရှိတဲ့ လူငယ်တွေ ပေါ်ထွန်းလာမှာပါ။ ဒါကြောင့် ဒီနှစ်မှာလဲ လေယာဉ်မျိုးစုံပြပွဲ၊ ပြိုင်ပွဲကိုတော့ ထည့်သွင်းကျင်းပပေးဖို့ အဆင့်ဆင့်တင်ပြ သွားမှာပါ" ဟု ၎င်းကဆက်လက် ပြောပြသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger