www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 4, 2018

သတင်းစာပညာ သင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်လှစ်


သတင်းစာပညာ သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈) ဖွင့်ပွဲ ကျင်းပစဉ်။

နေပြည်တော် ၄-၉-၂ဝ၁၈

ပြည်သူများထံ တိကျမှန်ကန်သော သတင်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန်၊ သတင်းစာပညာဖြင့် နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုး လုပ်ဆောင်နိုင်ရန်နှင့် အရည်အသွေးမီသတင်းစာ ပညာရပ်များ သင်ကြားနိုင်ရန် ရည်ရွယ်၍ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖွင့်လှစ်သော သတင်းစာပညာ သင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြ၀တီစာပေတိုက် ခန်းမ၌ပြုလုပ်ရာ မြ၀တီစာပေတိုက် စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီး ကျောေ်ကျာ်ဦး တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းတွင် သတင်းစာပညာရှင်များက အခြေခံသတင်းစာပညာ၊ သတင်းလိုက်ခြင်း၊ သတင်းရေးသားခြင်း၊ သတင်းဆောင်းပါးရေးသားခြင်း၊ သတင်းမှတ်စုရေးသားခြင်း၊ အင်တာဗျူးပြုလုပ်ခြင်းနှင့်ရေးသားခြင်း၊ ကင်မရာအကြောင်း၊ သတင်းဓာတ်ပုံ ရိုက်ကူးခြင်း၊ မီဒီယာကျင့်ဝတ်၊ သတင်းစာတစ်စောင်၏ အခင်းအကျင်း၊ မြန်မာစာရေးသားနည်းနှင့် အထားအသို စသည့်ပညာရပ်များကို သင်တန်းသား ၂၇ ဦးဖြင့် ရက်သတ္တပတ် ၁၀ ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger