မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်စဉ်။
နေပြည်တော် ၂၉-၈-၂ဝ၁၈
မောင်တောမြို့နယ် နယ်မြေ(၂) အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရဲစခန်းမှ ဒုတိယရဲမှူး ထွန်းထွန်းစိုး ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၅ဦး၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Chakdhala ကင်းစခန်းမှ Subedar Md. Salim Miah ဦးစီး ၁၅ ဦးတို့သည် သြဂုတ် ၂၇ရက် နံနက် ၈ နာရီမှ ၁၁နာရီထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက် နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၄၃)မှ (၄၄)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
#Themyawadydaily
No comments:
Post a Comment