ရန်ကုန် ၉-၅-၂ဝ၁၈
ယခုနှစ်အတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ လေကြောင်း စောင့်ကြည့်သည့် အဆင့်မြင့်ရေဒါစက် (Primary Radar) များကို ဂျပန်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် တပ်ဆင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အသုံးပြုနေသော လေကြောင်း စောင့်ကြည့်သည့် ရေဒါစက်များသည် နည်းပညာပိုင်းအရ ပျံသန်းနေသည့် လေယာဉ်များမှ သတင်းပေးပို့မှသာ ဖမ်းယူနိုင်ပြီး ပြောင်းလဲတပ်ဆင်မည့် အဆင့်မြင့်ရေဒါစက်များသည် မြေပြင်မှတစ်ဆင့် ပျံသန်းသည့် လေယာဉ်တိုင်းကို တိုက်ရိုက်ဖမ်းယူ စောင့်ကြည့်နိုင်မည် ဖြစ်သည်။
''လေကြောင်း စောင့်ကြည့်တဲ့ အဆင့်မြင့် ရေဒါစက်တွေကို ဒီနှစ်ထဲမှာ တပ်ဆင်ဖို့ စီစဉ်ထားတယ်။ ဂျပန်နိုင်ငံအစိုးရကလည်း အားလုံးလုပ်ပေးဖို့ စီစဉ်နေတယ်။ ဘယ်လိုအရာ မျိုးတပ်သင့် သလဲဆိုတာကို အသေးစိတ်စီစဉ်နေပါတယ်''ဟု ၎င်းကပြောသည်။
အဆိုပါစက်များ တပ်ဆင်နိုင်ရန် ဂျပန်နိုင်ငံမှ ပညာရှင်အဖွဲ့က လေဆိပ်များ၌ မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပျံသန်း လျက်ရှိသည့် လေယာဉ် အခြေအနေများကို ယခုလအတွင်း စစ်တမ်းကောက်ယူမည် ဖြစ်ပြီး တပ်ဆင် သင့်သည့် ရေဒါများကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment