www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 12, 2018

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော MS Azamara Journey ရန်ကုန်မြို့ရှိ MIPL ဆိပ်ကမ်းသို့ ဆိုက်ကပ်



ရန်ကုန် ၁၂-၄-၂ဝ၁၈

အမေရိကန် နိုင်ငံအခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော MS Azamara Journey သည် Myanmar Voyages International Tourism Co.,Ltd. ၏အစီအစဉ်ဖြင့် ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင်
ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်ရှိ Myanmar Integrated Port Limited (MIPL) ဆိပ်ကမ်းသို့ ဝင်ရောက် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘော MS Azamara Journey တွင် နော်ဝေနိုင်ငံသား ကပ္ပတိန် Mr.Tyss Johannes ဦးဆောင်သော သင်္ဘောဝန်ထမ်း ၄ဝ၄ ဦး၊ ခရီးသည် ၆၃ဝ ဦး စုစုပေါင်း ၁ဝ၃၄ ဦးလိုက်ပါလာပြီး စင်ကာပူနိုင်ငံမှ တစ်ဆင့် MIPL ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် ခဲ့ခြင်းဖြစ်သည်။ အပျော်စီး သင်္ဘောဖြင့် လိုက်ပါလာကြသည့် ခရီးသည် ၆၃ဝ ဦးသည် ယနေ့ည ၈ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Love Garden ၌ပြုလုပ်မည့် မြန်မာနှစ်ကူးသင်္ကြန် အကြိုဈေးရောင်းပွဲတော်နှင့် ယဉ်ကျေးမှုကပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြရန် စီစဉ်ခဲ့သော်လည်း ခရီးသည် ၃၆ ဦးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် လေကြောင်းခရီးဖြင့် ပုဂံ-ညောင်ဦးသို့ လေ့လာလည်ပတ်ရန် ထွက်ခွာသွားပြီး ဧပြီ ၁၂ ရက်တွင် သင်္ဘောသို့ပြန်လည် ရောက်ရှိကြမည် ဖြစ်သည်။ ကျန်ခရီးသည်များမှာ မြန်မာနှစ်ကူး သင်္ကြန်အကြိုဈေးရောင်း ပွဲတော်နှင့် ယဉ်ကျေးမှု ကပွဲဖွင့်ပွဲသို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပျော်စီး သင်္ဘောဆိုက်ကပ်စဉ် Myanmar Voyages International Tourism Co.,Ltd. မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင် တိုးနှင့်အဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ကြည်နှင့်အဖွဲ့၊ ဆိပ်ကမ်းကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဥာဏ် ထက်လွင်နှင့်အဖွဲ့၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အထက်တန်း သင်္ဘောလက်ထောက် ဦးစန်းကျော်ဦးနှင့်အဖွဲ့တို့က ကြိုဆိုနှုတ်ဆက်ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါ အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော Azamara Journey သည် ဧပြီ ၁၃ ရက် နေ့လယ်ပိုင်းတွင် Myanmar Integrated Port Limited (MIPL) ဆိပ်ကမ်းမှတစ်ဆင့် သီရိလင်္ကာနိုင်ငံ Hambamtota ဆိပ်ကမ်းသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger