www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 19, 2018

တပ်ဌာနချုပ်သို့ ၀င်ရောက်တိုက်ခိုက်သည့် KIA အကြမ်းဖက် သောင်းကျန်းသူများကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့သည့် တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ တပ်ရင်းဌာနချုပ်မှ စစ်သည်၊ ရဲမေများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရင်းရင်းနှီးနှီးတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တနိုင်းတပ်နယ် ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံတပ်ရင်းမှ ရဲမေများနှင့် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တနိုင်းတပ်နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များ ပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၁၉-၃-၂ဝ၁၈

မိမိတို့တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးလာလျှင် ကာကွယ်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်း၊ ဘာသာရေးကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နေခြင်း သာဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် တနိုင်းတပ်နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် KIA အကြမ်းဖက် သောင်းကျန်းသူများက တပ်ရင်းဌာနချုပ်အား အလစ်အငိုက်လာရောက် တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းရှိ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူများအထိနာပြီး ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရကြောင်း၊ ၎င်းအကြမ်းဖက် သောင်းကျန်းသူများသည် ဒေသကောင်းစားရေး၊ တိုင်းရင်းသားများကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေး အတွက် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အကြောင်းအမျိုးမျိုးပြပြီး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အကြမ်းဖက်လုပ်ငန်းများကိုသာ ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ ယခင်ဗမာပြည်ကွန်မြူနစ်ပါတီသည် တည်ဆဲအစိုးရကို လက်နက်ကိုင်ပြီးတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှကာကွယ်ခဲ့ရပြီး တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးရအောင်၊ ပြည်ထောင်စုကြီးမပြိုကွဲအောင် တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ဒေသအတွက်၊ မိမိတို့တိုင်းရင်းသားများအတွက်၊ မိမိတို့ တိုင်းပြည်အတွက် ဆောင်ရွက်လိုလျှင် ဥပဒေနှင့်အညီဆောင်ရွက်၍ရသည့် နည်းလမ်းများရှိကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့် ဆောင်ရွက်၍မရကြောင်း၊ ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် မိမိတို့အနေဖြင့် NCA ဖြင့်ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့တပ်ရင်းအား KIA အကြမ်းဖက်သောင်းကျန်းသူများ လာရောက်တိုက်ခိုက်စဉ် ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းသည် တရားသောစစ်ကို ဆင်နွဲခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်တွင် စစ်သည်များသာမက မှီခိုသူရဲမေများ အားလည်း စစ်ပညာများ သင်ကြားပေးပြီး တစ်ဦးချင်းလေ့ကျင့်မှုကို စနစ်တကျ ဆောင်ရွက်လေ့ကျင့် ခဲ့သည့်အတွက် ယခုကဲ့သို့ကြုံတွေ့လာရသည့်အခါ ထိထိရောက်ရောက်အသုံးချပြီး ပြန်လည်တိုက်ခိုက် နိုင်ခြင်းဖြစ်ကြောင်း၊ အန္တရာယ်ကျရောက်ပါက မိခင်စိတ်ဖြင့် မိမိတို့သားသမီး၊ မိသားစုဝင်များကို ကာကွယ်ပေးသည့် စိတ်ရှိကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မိမိတို့သားသမီးများကို အကာအကွယ်ပေးရမည် ဆိုသည့်စိတ်၊ နေရာဌာနကို အထိမခံဘူးဆိုသည့် မိခင်စိတ်ဖြင့် ဆောင်ရွက်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုကြောင်း၊ အလားတူ မိမိတို့တပ်ဌာနချုပ်များကို သောင်းကျန်းသူများက လာရောက်တိုက်ခိုက် သည့် ဖြစ်စဉ်များတွင် တပ်များမှ မိသားစုဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း၊ တပ်မတော်သား မိသားစုဝင်ရဲမေများသည် တပ်မတော်၏ အဓိကအရန် အင်အားများပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တပ်မတော်သားမိသားစုဝင်များ စည်းလုံးညီညွတ်စွာဖြင့် သောင်းကျန်းသူများအား ပြန်လည်တိုက်ခိုက်ချေမှုန်းနိုင်ခြင်းသည် တပ်မတော်၏ “အား” တစ်ခုပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ချက်များသည် မိမိတို့၏သမိုင်း၊ တပ်ဌာနချုပ်၏သမိုင်း၊ တပ်မတော်၏သမိုင်းဖြစ်၍ ထိန်းသိမ်း လက်ဆင့်ကမ်းပေးကြရန်လိုကြောင်း၊ တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်၊ မိသားစုအားလုံးမှာ နေရာဒေသအနှံ့မှ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဖြစ်ပြီး တပ်တွင်းစည်းလုံး ညီညွတ်မှုရှိစွာဖြင့် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

ယင်းနောက် ယခုအခါတပ်မတော်ကို Standard Army အဖြစ်တည်ဆောက်လျက်ရှိရာ မိမိတို့ တပ်မတော်သားများ အတတ်ပညာ၊ အတန်းပညာများ မြင့်မားရေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် မိမိတို့ သတ်မှတ်ထားသည့် အချိန်ကာလနှင့် ကြိုးစားအားထုတ်မှုများအလိုက် ရာထူးတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေး ထားကြောင်း၊ မိမိတို့အဆင့်နှင့်လျော်ညီသည့် ခံစားမှုများပေးထားကြောင်း၊ တပ်မတော်မှ နေရေး၊ ထိုင်ရေး၊ စားရေးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့တပ်မတော်၏ တာဝန်မှာ တိုင်းပြည်ကာကွယ်ရေးမှာ ပထမတာဝန်ဖြစ်ပြီး တိုင်းပြည်တည်ဆောက်ရေးမှာ ဒုတိယတာဝန်ဖြစ် ကြောင်း၊ မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်အတွင်း ၀င်ရောက်လာကြသူများဖြစ် ကြသဖြင့် တပ်မတော်သားဘ၀ကို ပျော်ရွှင်စွာ ထမ်းဆောင်လိုသည့် စိတ်မွေးမြူရန်လိုကြောင်း၊ အဆင့်လိုက် ခေါင်းဆောင်များအနေဖြင့် အုပ်ချုပ်မှုညီညွတ်မျှတရန်လိုကြောင်း၊ ချမှတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်စွာဆောင်ရွက်လျှင် မိမိတို့တပ်မတော်သည် တိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။

၎င်းနောက် တပ်ဌာနချုပ်များအလိုက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် တပ်မတော်သား မိသားစုဝင်များ၏ စားရေးတွင် အထောက်အကူဖြစ်စေရန်ဖြစ်ကြောင်း၊ ထို့အတူ မိသားစုများအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား တတ်နိုင်သမျှဆောင်ရွက်ရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏စားရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ မိသားစုဝင် သားသမီးများကိုလည်း ပညာအမွေပေးရန်လိုပြီး စာတတ်အောင်သင်ကြား ပေးရန်လိုကြောင်း၊ ယခုနေရာသည် ရာသီဥတုအပြောင်းအလဲ မြန်ဆန်ပြင်းထန်သဖြင့် မိမိတို့၏ကျန်းမာရေးကိုလည်း ဂရုပြုကြရန်လိုပြီး အသောက်အစား အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကျဉ်ရန်လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်များ၊ သမ္မာကျမ်းစာအုပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ရန်ပုံငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တပ်ရင်းမှအရာရှိ၊ စစ်သည်၊ မိသားစုများ ကလက်ခံရယူကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးတို့က တပ်ရင်းမှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ/ရသစာအုပ်စာစောင်များ၊ အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် နယ်မြေခံတပ်ရင်းမှ ရဲမေများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်းသူအင်အား ၇၀ ဦးခန်
့ဖြင့် အဆိုပါတပ်ရင်းဌာနချုပ်အား နေရာ ၃ နေရာမှ ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၂ ရက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း အကြိမ်
ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များနှင့် ရဲမေမိသားစုဝင်များက ရွပ်ရွပ်ချွံချွံ ပြန်လည်ပစ်ခတ်ချေမှုန်း တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသည်။ KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နောက်ချန်စစ်သည်များနှင့် မိသားစုဝင်များသာရှိသည့် နောက်တန်းဌာနချုပ်အား စစ်ရေးအရ အမြတ်ထုတ်ရန်ရည်ရွယ်၍ အလစ်အငိုက် တိုက်ခိုက်ခဲ့သော်လည်း တပ်ဌာနချုပ်ရှိ စစ်သည်များနှင့် ရဲမေမိသားစုဝင်များက စည်းလုံးညီညွတ်စွာဖြင့် ရဲရဲဝံ့ဝံ့ ပြန်လည်တိုက်ခိုက်မှုကြောင့် လာရောက်တိုက်ခိုက်သည့် အကြိမ်တိုင်း ရန်သူများ အကျအဆုံးများစြွာ
ဖင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger