www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 19, 2018

ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်



မန္တလေး ၁၉-၃-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာတွင် ယနေ့နေ့လယ်ပိုင်းက မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာနေ ပိုင်ရှင်ဒေါ်တွတ်၏ (၂ဝ×၂ဝ) ပေ သွပ်မိုး၊ ထရံကာ၊ပျဉ်ခင်း နှစ်ထပ်အိမ် အပေါ်ထပ်ခုတင် ပေါ်တင်ထားသည့် မီးအားမြှင့်စက် အပူလွန်ကဲရာမှ ယနေ့မွန်းလွဲ ၁ နာရီ ၅မိနစ်က အနီးရှိမွေ့ရာသို့ မီးကူးစက်လောင်ကျွမ်းပြီး မီးလောင်မှုစတင် ဖြစ်ပွားခဲ့ရာ အတွင်းပစ္စည်း အနည်းငယ်နှင့် အပေါ်ထပ်တစ်ထပ် မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်မှုကို မွန်းလွဲ ၁ နာရီ ၇ မိနစ်က သတင်းရရှိသဖြင့် မီးလောင်မှု ဖြစ်ပွားရာသို့ ပုသိမ်ကြီးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးနေမျိုးလင်းဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊သန္ဓေဦးရေ ၂ဝ၊ အရန် ဦးရေ ၄ဝ နှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်တွင် မီးလုံးဝငြိမ်းခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၂ဝဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ပိုင်ရှင်ဒေါ်တွတ် (ဘ) ဦးစံလှကို ပုသိမ်ကြီးမြို့မရဲစခန်းက (ပ) ၇၇/၂ဝ၁၈၊ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger