www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 29, 2018

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၉-၃-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည်မတ် ၂၇ရက်နှင့် ယနေ့တို့တွင် ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာရှိ ဒေသခံပြည်သူ ၁၈၇၇ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၄၄ဝဦး၊ ခွဲစိတ်ရောဂါ ၂၂၁ ဦး၊ သားဖွား၊မီးယပ်ရောဂါ ၂ဝ၄ဦး၊ ကလေးရောဂါ ၁၆၇ဦး၊ အရိုးရောဂါ ၁၈၈ဦး၊နား၊ နှာခေါင်း၊လည်ချောင်းရောဂါ ၁၈၃ဦး၊ မျက်စိရောဂါ ၃၂ဝဦးနှင့် သွားရောဂါ ၁၅၄ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၃၃ဦးနှင့် အထွေထွေခွဲစိတ်လူနာ ၂၁ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၃ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၇၅ဦး၊ ECG နှလုံးစမ်းသပ်လူနာ ၆၉ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၈ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် တစ်ဦးကို ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌အောင်မြင်စွာ ခွဲစိတ်မီးဖွား ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၃၇ဦးကို ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင်ကုသ ပေးသည်။

ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger