www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 20, 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေက စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းမှထွက်ရှိသော ကြက်ဥ၊ နွားနို့များနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ရှုစစ်ဆေးစဉ်။


နေပြည်တော် ၂ဝ-၃-၂ဝ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှတပ်မတော်အရာရှိကြီး များနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းသို့သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် တိုင်မှူး ဗိုလ်ချုပ် ညီညီဆွေက နှစ်ရှည်ပင်များအား ပျိုးဥယျာဉ်ဖြင့်ပျိုး၍ စနစ်တကျ စိုက်ပျိုးထားရှိမှု၊ ရာသီသီးနှံများစိုက်ပျိုးထားရှိမှုနှင့် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး နိုင်မှု၊ Novogen Brown ဥစားကြက်များ၊ အသားတိုးကြက်များ၊ ဒေသကြက်များ၊ ထိန်စမ်းဆိတ်များ၊ DYL ၀က်များ၊ နို့စားနွားများ၊ ဒေသနွားများနှင့် ငါးများမွေးမြူထားရှိမှု၊ ထွက်ရှိလာသည့်အသားငါးများ၊ ကြက်ဥနှင့်နွားနို့များအား သက်သာချောင်ချိသော ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချ ပေးနိုင်မှုနှင့် သဘာဝမြေသြဇာ(စူပါဘိုကာရှီ)ပြုလုပ်သုံးစွဲမှု အခြေအနေများအားရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများနှင့် ကြက်ဥများအား အရာရှိ၊ စစ်သည်မိသားစုများ အတွက်ပိုလျှံပါက ၀န်ထမ်းများအား သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးခြင်းဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ကြောင်းမှာကြားပြီး မွေးမြူရေးလုပ်ငန်းများ အားစနစ် တကျမွေးမြူရန်၊ ကြက်ဥများကိုဖြည့်စွက်အစားအစာတစ်ခုအဖြစ်ကျွေးမွေးနိုင်ရန်၊ မိမိတို့၏မိသားစုဝင် ကလေးငယ်များ အားအာဟာရရှိအောင်ကျွေးမွေးရန်နှင့် ဒေသအလိုက်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများအား အဓိက စိုက်ပျိုးရန်တို့အားမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းအတွင်းရှိ Novogen Brown ဥစားကြက်များမွေးမြူထားရှိမှု၊ သဘာဝမြေသြဇာ(စူပါဘိုကာရှီ)ပြုလုပ်သုံးစွဲမှုနှင့် နို့စားနွား များမွေးမြူထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger