www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 19, 2018

ဆလိုဗက်ကီးယားနိုင်ငံမှ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင် ၁၅ ကောင် ဆာဖာရီဥယျာဉ် (နေပြည်တော်) သို့ရောက်ရှိ



နေပြည်တော် ၁၉-၃-၂ဝ၁၈

ဆလိုဗက်ကီးယားနိုင်ငံမှ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင် ၁၅ ကောင်ကို လေကြောင်းလိုင်းဖြင့် သယ်ဆောင်လာရာ ယနေ့နံနက်ပိုင်းက ဆာဖာရီဥယျာဉ် (နေပြည်တော်)သို့ ရောက်ရှိလာကြောင်း တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)အုပ်ချုပ်ရေးမှူး ဦးအောင်မင်းခိုင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါလည်ပင်းနီ ဝါလာဘီ သားပိုက်ကောင်များကို ဆလိုဗက်ကီးယားနိုင်ငံမှ QATAR Airways Cargo Flight လေယာဉ်ဖြင့် သယ်ဆောင်လာခြင်း ဖြစ်ပြီးမြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဦးသန်းစိုးအေး (Dy-GM) ဦးဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးက ပြန်လည်၍ လွှဲပြောင်းလက်ခံရယူကာ နေပြည်တော်ရှိ ဆာဖာရီဥယျာဉ်သို့ လည်ပင်းနီ ဝါလာဘီ သားပိုက်ကောင် အထီးငါးကောင်နှင့် အမ ၁ဝ ကောင်စုစုပေါင်း ၁၅ ကောင်ကို သယ်ဆောင်လာခဲ့ရာ ယနေ့ နံနက်၇နာရီခန့်တွင် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

"ဒီသားပိုက်ကောင် အမျိုးအစားကို သိပံ္ပအမည်အနေနဲ့ (Macrops Rufogriseus) လို့ခေါ်ပါတယ်။ သူ့အရွယ်က သားပိုက်ကောင် မျိုးရင်းထဲမှာ အလတ်စား အရွယ်ပမာဏ ရှိပါတယ်။ ဒီလည်ပင်းနီ ဝါလာဘီသားပိုက်ကောင် တွေကအနက်ရောင် နှာခေါင်းရှိပြီး အပေါ်နှုတ်ခမ်း၊ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ အဖြူရောင် အမွေးတွေရှိပါတယ်။ ကိုယ်အလေးချိန် အနေနဲ့ဆိုရင်တော့ ပေါင်၂ဝကျော်ရှိပါတယ်။ ခန္ဓာကိုယ် အရွယ်အစားကတော့ အလျား၁၂ ဒသမ ၄၁ လက်မထိရှိပြီး အမြီးကတော့ အလျား ၁ဝဒသမ၂၉ လက်မထိရှိပါတယ်။ အမြင့် အနေနဲ့ကတော့ နှစ်ပေကျော် လောက်ရှိပါတယ်။ ဒီသားပိုက်ကောင်တွေကို ဆာဖာရီဥယျာဉ်က သြစတြေးလျ ပြကွက်မှာ အများပြည်သူတွေ ကြည့်ရှုလေ့လာ နိုင်အောင် ပြသသွားမှာပါ"ဟု ဦးအောင်မင်းခိုင်က ပြောပြသည်။

အဆိုပါ လည်ပင်းနီ ဝါလာဘီသားပိုက်ကောင် မျိုးများကို သြစတြေးလျ တိုက်အရှေ့ပိုင်းဒေသ၊ နယူးဇီလန်ကျွန်း၊ ပါပူဝါနယူကျွန်းနှင့် ကေ့ခ်မေးနီးယားတို့တွင် တွေ့ရှိနိုင်ကြောင်း၊ ၎င်းတို့မှာ တစ်ကောင်တည်း သီးသန့်သော် လည်းကောင်း၊ အုပ်စုဖွဲ့၍ သော်လည်းကောင်း နေထိုင်ကျက်စား တတ်ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger